အာဖဂန်နစ္စတန်က စစ်စခန်းတစ်ခုကို တာလီဘန်တွေ ဝင်တိုက်ခိုက်လို့ လူ ၆၅ ဦးထက်မနည်း သေဆုံး

အာဖဂန်နစ္စတန်က စစ်စခန်းတစ်ခုကို တာလီဘန်တွေ ဝင်တိုက်ခိုက်လို့ လူ ၆၅ ဦးထက်မနည်း သေဆုံး

ဇန်နဝါရီ ၂၂ ။             ။ အာဖဂန်နစ္စတန်နိုင်ငံက စစ်အခြေစိုက်စခန်းတစ်ခုကို တာလီဘန် စစ်သွေးကြွတွေ ဝင်ရောက်တိုက်ခိုက်ခဲ့လို့ လူပေါင်း ၆၅ ဦးထက်မနည်း သေဆုံးသွားတယ်လို့ လုံခြုံရေး သတင်းရင်းမြစ်တွေက ဇန်နဝါရီ ၂၂ ရက်မှာ ပြောပါတယ်။

အစောပိုင်းက ဒေသမီဒီယာတွေရဲ့ ဖော်ပြချက်အရ ယင်း ဖြစ်စဉ်ဟာ အဆိုးဝါးဆုံးသော တာလီဘန်တိုက်ခိုက်မှုဖြစ်စဉ်တစ်ခုလို့ ပြောနေကြပြီး သေဆုံးသူဦးရေဟာ ရာနဲ့ချီ ရှိတယ်ဆိုပြီးတော့တောင် သတင်းတွေ ထွက်ပေါ်ထားခဲ့ပါသေးတယ်။

ယခု တိုက်ခိုက်မှုမှာတော့ စစ်သွေးကြွတွေဟာ ဖောက်ခွဲရေးပစ္စည်းတွေ တင်ဆောင်လာတဲ့ ကားတစ်စီးကို အာဖဂန်စစ်တပ် လေ့ကျင့်ရေးစခန်းတစ်ခုမှာ ဖောက်ခွဲခဲ့တာဖြစ်ပြီး ယင်းနောက် နောက်ထပ် ကားတစ်စီးနဲ့ သေနတ်သမားတွေ ရောက်လာပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

" မနေ့ကတော့ အပျက်အစီး အစုအပုံတွေ အောက်ကနေ အလောင်း ၆၅ လောင်း ကျွန်တော်တို့ တွေ့ခဲ့ပါပြီ" ဆိုပြီး ၀ါးဒက်ခ် ဒေသ က ကောင်စီ အကြီးအကဲ မိုဟာမက် ဆာဒါ ဘက်ခ်ယာရီက ပြောပါတယ်။

တာလီဘန် တိုက်ခိုက်မှုကတော့ ယမန်နေ့  ဇန်နဝါရီ ၂၁ ရက်က ဖြစ်ခဲ့တာဖြစ်ပါတယ်။

အာဖဂန် ထောက်လှမ်းရေး အေဂျင်စီ NDS ရဲ့ လေ့ကျင့်ရေးစခန်းတစ်ခုကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာဖြစ်သလို ယင်းကတော့ နိုင်ငံမှာ လုံခြုံရေးတပ်ဖွဲ့တွေကို ပစ်မှတ်ထားတိုက်ခိုက်တဲ့ အဆိုးဝါးဆုံး တိုက်ခိုက်မှုတစ်ခုလည်းဖြစ်လာခဲ့ပါတယ်။

အမည်မဖော်လိုသူ အာဖဂန် လုံခြုံရေးအရာရှိတစ်ဦးကလည်း သေဆုံးသူဦးရေ ၇၀ လောက် အထိ တိုးလာနိုင်သေးကြောင်း ပြောသွားပါသေးတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly