မက္ကဆီကို လောင်စာဆီပိုက်လိုင်း ပေါက်ကွဲမီးလောင်မှု သေဆုံးသူဦးရေ ၇၀ ကျော်ထိ မြင့်တက်

မက္ကဆီကို လောင်စာဆီပိုက်လိုင်း ပေါက်ကွဲမီးလောင်မှု သေဆုံးသူဦးရေ ၇၀ ကျော်ထိ မြင့်တက်

ဇန်နဝါရီ ၂၀ ။            ။ မက္ကဆီကိုနိုင်ငံမှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၈ ရက်ညပိုင်းက ဖြစ်ခဲ့တဲ့ လောင်စာဆီ ပိုက်လိုင်း ပေါက်ကွဲမီးလောင်မှုအတွင်း သေဆုံးသူဦးရေဟာ ယခုအချိန်မှာ ၇၃ ဦးထိ ရှိလာခဲ့ပြီ ဖြစ်ကြောင်း အာဏာပိုင်တွေက ဇန်နဝါရီ ၂၀ ရက်မှာ ထုတ်ပြန်ပါတယ်။

ဒါ့အပြင် ဒဏ်ရာရသူဦးရေ အများအပြား ရှိနေတယ်လို့လည်း သိရပါတယ်။ နိုင်ငံအလယ်ပိုင်း ဟီဒယ်လ်ဂို ပြည်နယ် တလာဟွေလီပန်မြို့က အဆိုပါ လောင်စာဆီ ပိုက်လိုင်းကို ဆီသူခိုးတွေက ဖောက်ပြီး ဆီခိုးခဲ့ကြရာကနေ ယခုလို ပေါက်ကွဲမှုကြီးဖြစ်ခဲ့တယ်လို့ ယုံကြည်ရပါတယ်။

လူအများအပြားဟာ ယင်း ပိုက်လိုင်းဆီ ရောက်လာပြီး ဆီတွေကို ပုံးတွေနဲ့ ထည့်ယူဖို့ ကြိုးစားခဲ့ကြရာကနေ ပေါက်ကွဲမှုအတွင်း မီးစွဲလောင် သေဆုံးသွားကြတာဖြစ်ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

မီးလောင် သေဆုံးပြန့်ကျဲနေတဲ့ ရုပ်အလောင်းတွေ ယင်း နေရာအနီးမှာ ရှိနေဆဲဖြစ်ပြီး လုံခြံုံရေးကိုလည်း တင်းကျပ်စွာ ချထားလျက် ရှိပါတယ်။

ကနဦး ထွက်ရှိခဲ့တဲ့ သတင်းတွေအရ သေဆုံးသူဦးရေဟာ ၂၁ ဦးသာ ရှိခဲ့ပေမယ့် ယခုအခါ ယင်းထက် သုံးဆကျော်လောက် တိုးလာခဲ့တာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly