‘မန်ယူတိုက်စစ်မှူး လူကာကူဟာ အသင်းရဲ့ ကြီးမားတဲ့ အစိတ်အပိုင်းတစ်ရပ်ပါ’ ဆိုးလ်ရှား

‘မန်ယူတိုက်စစ်မှူး လူကာကူဟာ အသင်းရဲ့ ကြီးမားတဲ့ အစိတ်အပိုင်းတစ်ရပ်ပါ’ ဆိုးလ်ရှား
Photo: EPA

မော်ရင်ဟိုကို နည်းပြရာထူးမှ ထုတ်ပယ်ခဲ့ပြီးနောက်ပိုင်း ရိုမီလူ လူကာကူဟာ တစ်ပွဲသာ ပွဲထွက်ခွင့်ရပေမယ့် သူဟာ မန်ချက်စတာယူနိုက်တက်မှာ ကစားဖို့ အဓိကအခန်းဏ္ဍမှာ ရှိနေဆဲဖြစ်တယ်လို့ ယာယီနည်းပြ ဆိုးလ်ရှားက ပြောဆိုလိုက်ပါတယ်။

ပေါင် ၇၅ သန်းတန် အဲဗာတန်တိုက်စစ်မှူးဟောင်းဟာ ဆိုးလ်ရှားလက်ထက် ၆ ပွဲမှာ ၇၄ မိနစ်သာ ကစားခဲ့ပေမယ့် ရီးဒင်းကို အနိုင်ရတဲ့ အက်ဖ်အေဖလား တတိယအဆင့်မှာ ပွဲထွက်ခွင့်ရခဲ့ပါတယ်။

ဆိုးလ်ရှားဟာ ရပ်ဖို့ဒ်၊ လင်ဂတ်နဲ့ မာရှယ်တို့ကို ပွဲထွက်ခွင့် ဦးစားပေးထားပါတယ်။

ဒါပေမယ့် နော်ဝေသားနည်းပြက အသက် ၂၅ နှစ်ရှိ လူကာကူဟာ “အသင်းရဲ့ ကြီးမားတဲ့ အစိတ်အပိုင်းတစ်ရပ်”ဖြစ်နေဆဲလို့ ဆိုပါတယ်။

ဒီဇင်ဘာ ၁၈ ရက်မှာ မော်ရင်ဟို ထုတ်ပယ်ခံခဲ့ရပြီးနောက်ပိုင်း ရပ်ဖို့ဒ်နဲ့ ကွင်းလယ်လူ ပေါ့ဘာတို့ဟာ လူကာကူထက် သွင်းဂိုး ၃ ဂိုး ရရှိထားပါတယ်။

ဆန်းချက်ဇ်နဲ့ မာတာတို့မှာလည်း ယူနိုက်တက်ရဲ့ ပွဲထွက် line-up စာရင်းမှာ ပါဝင်နိုင်ဖို့ ရုန်းကန်နေရပြီး ဆိုးလ်ရှားက သူဟာ သရဲနီကစားသမားတစ်ယောက်အဖြစ် ရှိခဲ့ချိန်က သူမှာ ဒီလိုအခြေအနေမျိုးကြုံတွေ့ခဲ့ရတယ်လို့ သတိပေးပါတယ်။

ဆိုးလ်ရှားဟာ ၁၉၉၆ ခုနှစ်က အိုးထရက်ဖို့ဒ်သို့ ပြောင်းရွှေ့ခဲ့ပြီးနောက် ယူနိုက်တက်အတွက် ၁၁ ရာသီမှာ ၁၂၆ ဂိုးသွင်းယူခဲ့ပါတယ်။

“ကျနော်တို့ တိုက်စစ်မှူး နှစ်ယောက်နဲ့ ကစားတဲ့အခါ ၄ ယောက်ထဲက ၁ တစ်ယောက်ကို ကျနော် အသုံးပြုဖို့ရှိပါတယ်။ အခုဆိုရင် ကျနော်တို့ တိုက်စစ်မှူး ၆ ဦး ရှိပြီး ကျနော်တို့ ၃ ဦးနဲ့ ကစားပါတယ်။ ပွဲစဉ်တွေကတော့ အလုံအလောက်ရှိတယ်။ ဒါကြောင့် ပွဲထွက်ခွင့် ရယူဖို့ ခင်ဗျားရဲ့ အခွင့်အရေးပါ။ လေ့ကျင့်ရေးကွင်းမှာတော့ လူကာကူလောက် ဘယ်သူကမှ ဂိုးအများကြီး မသွင်းနိုင်ပါဘူး”လို့ ဆိုးလ်ရှားက ပြောပါတယ်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly