ဆယ်စုနှစ် သုံးစုနီးပါးအတွင်း တရုတ်စီးပွားရေး တိုးတက်မှုနှုန်း အနှေးကွေးဆုံး ရောက်ရှိ

ဆယ်စုနှစ် သုံးစုနီးပါးအတွင်း တရုတ်စီးပွားရေး တိုးတက်မှုနှုန်း အနှေးကွေးဆုံး ရောက်ရှိ

ဇန်နဝါရီ ၁၈ ။               ။ ယမန်နှစ် ၂၀၁၈ ခုနှစ်မှာ ကမ္ဘာ့ စီးပွားရေးအင်အားကြီးနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံရဲ့ စီးပွားရေးကတော့ ဆယ်စုနှစ် သုံးစုနီးပါးအတွင်း အနှေးကွေးဆုံးသော အရှိန်နှုန်းတစ်ခုနဲ့ တိုးတက်ခဲ့ကြောင်း AFP စစ်တမ်းတစ်ရပ်မှာ ပါဝင်ဖြေဆိုခဲ့တဲ့ အကဲဖြတ်တွေက ပြောထားပါတယ်။

တရုတ်အစိုးရအနေနဲ့ အဆိုပါနှစ်အတွင်း ကမ္ဘာ့ စီးပွားရေးအင်အားကြီး အမေရိကန်နိုင်ငံနဲ့အကြား ကုန်သွယ်ရေး ပဋိပက္ခစစ်ပွဲဖြစ်ပြီး အကျပ်အတည်းတွေနဲ့ ရုန်းကန်နေခဲ့ရပါတယ်။

ဒါ့အပြင် တရုတ်တို့ရဲ့ ပြီးခဲ့တဲ့ သုံးလတာအတွင်းက  စီးပွားရေး တိုးတက်မှုနှုန်းဟာလည်း ပြီးခဲ့တဲ့ ဆယ်နှစ်အကြာက ကမ္ဘာ့ ဘဏ္ဍာရေးအကျပ်အတည်းကာလနောက်ပိုင်း အားအနည်းဆုံးသော အနေအထားတစ်ခု ဖြစ်နေဖို့ ရှိကြောင်း စီးပွားရေး ပညာရှင် ၁၃ ဦးကို မေးမြန်းထားတဲ့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။

အလားတူ ယင်းနိုင်ငံရဲ့ တစ်နှစ်တာလုံး စီးပွားရေး တိုးတက်မှုနှုန်း အတိုင်းအတာ ၆ ဒသမ ၆ ရာခိုင်နှုန်းကလည်း လွန်ခဲ့တဲ့ ၁၉၉၀ ပြည့်နှစ်နောက်ပိုင်း အဆိုးရွားဆုံးအခြေအနေ ဖြစ်ဖို့ ရှိနေတယ်လို့ သိရပါတယ်။

"တရုတ်တို့ရဲ့ စီးပွားရေး အရှိန်အဟုန်က နှေးကွေးလာနေပြီ ဆိုတာကို ရှင်းရှင်းလင်းလင်း တွေ့ရနိုင်ပါတယ်"ဆိုပြီး ANZ bank က စီးပွားရေး ပညာရှင် Raymond Yeung က ပြောသွားပါတယ်။

လက်ရှိအချိန်မှာ ကုန်သွယ်ရေး စစ်နဲ့ ပတ်သက်လို့ အခြေအနေ မသေမချာဖြစ်နေဆဲဖြစ်ပြီး ယင်း ပဋိပက္ခစစ်အတွက် သုံးလကြာ စစ်ပြေငြိမ်းပြီး အဖြေတစ်ခု ရှာဖို့ တရုတ်-အမေရိကန်နှစ်ဘက်ခေါင်းဆောင်တွေအကြား သဘောတူညီထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly