ဗြိတိန်ဘုရင်မကြီး၏ ကြင်ယာတော်မင်းသားကြီး ဖိလစ် ယာဉ်မတော်တဆမှု ဖြစ်

ဗြိတိန်ဘုရင်မကြီး၏ ကြင်ယာတော်မင်းသားကြီး ဖိလစ် ယာဉ်မတော်တဆမှု ဖြစ်

ဇန်နဝါရီ ၁၈ ။          ။ ဗြိတိန်ဘုရင်မကြီး ဒုတိယမြောက် အယ်လီဇဘတ်ရဲ့ ကြင်ယာတော် မင်းသားကြီး ဖိလစ်ဟာ ဇန်နဝါရီ ၁၇ ရက်က ယာဉ်တိုက်မှု တစ်ခုနဲ့ ကြုံခဲ့ရပေမယ့် ကံအားလျော်စွာ တစ်စုံတစ်ရာ ထိခိုက်ဒဏ်ရာ ရခဲ့ခြင်း မရှိကြောင်း ဘက်ကင်ဟမ် နန်းတော်က ထုတ်ပြန်သွားပါတယ်။

အသက် ၉၇ နှစ်ရှိ မင်းသားကြီး ဖိလစ် မောင်းလာတဲ့ကားဟာ ယင်းနေ့က ဆန်ဒရင်ဟမ် အိမ်ယာအနီး လမ်းမှာ ယာဉ်တိုက်မှုဖြစ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

"အီဒင်ဘာရာ မြို့စား မင်းသားကြီးဟာ အခြား ကားတစ်စီးနဲ့ ယာဉ်မတော်တဆမှု ဖြစ်ခဲ့တာပါ"ဆိုပြီး နန်းတော် ပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။

"ကံကောင်းတာက မင်းသားကြီး ထိခိုက်ဒဏ်ရာမရခဲ့တာပါပဲ၊ ဒီဖြစ်စဉ်က ဆန်ဒရင်ဟမ် အိမ်ယာနားမှာပဲ ဖြစ်တာပါ" လို့ ၎င်းက ထပ်လောင်းပြောသွားပါတယ်။

မင်းသားကြီး ဖိလစ်ကတော့ ပြီးခဲ့တဲ့ ၂၀၁၇ နောက်ပိုင်းကတည်းက အခမ်းအနားတက်ရောက်တာတွေ၊ လူမှုရေး လုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်တာတွေကနေ အနားယူထားခဲ့သူ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly