IS ၏ ရေနံနှင့် ရှေးဟောင်းပစ္စည်း ကုန်သွယ်လမ်းဖြတ်တောက်နိုင်ရန် သတင်းပေးသူအား အမေရိကန် ဆုငွေ ဒေါ်လာ ၅ သန်းပေးမည်

IS ၏ ရေနံနှင့် ရှေးဟောင်းပစ္စည်း ကုန်သွယ်လမ်းဖြတ်တောက်နိုင်ရန် သတင်းပေးသူအား အမေရိကန် ဆုငွေ ဒေါ်လာ ၅ သန်းပေးမည်

ဝါရှင်တန်၊ စက်တင်ဘာ - ၃၀ ။           ။ အိုင်အက်စ်ကို တိုက်ခိုက်နေသည့်စစ်ပွဲမှာ စစ်မျက်နှာသစ်သို့ ချဲ့ထွင်လာခဲ့ရာ ယင်းမှာ ဘဏ္ဍာရေးပင် ဖြစ်သည်။

အကြမ်းဖက်အုပ်စုမှာ အီရတ်နှင့် ဆီးရီးယားတွင် ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ်နေရာများနှင့် ရေနံတွင်းများကို လုယက်နေရာ ဓာတ်ငွေ့နှင့် ရှေးဟောင်းပစ္စည်းများကို မှောင်ခိုကုန်ကူးမှုကို ရပ်တန့်နိုင်ရန် သတင်းပေးသူများအား ဆုငွေ ဒေါ်လာ ၅သန်းပေးမည်ဟု အမေရိကန်ပြည်ထောင်စုက ကမ်းလှမ်းထားသည်။

အိုင်အက်စ်အကြမ်းဖက်အုပ်စုအတွက် ရေနံနှင့် ရှေးဟောင်းပစ္စည်းများမှာ အဓိက ဝင်ငွေအရင်းမြစ်များပင်ဖြစ်သည်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဆုငွေထုတ်သည့် ကြေညာချက်ထဲ တွင်ပြောကြားထားသည်။  

အိုင်အက်စ်အကြမ်းဖက်အုပ်စုက ရေနံနှင့် ရှေးဟောင်းပစ္စည်းများ ကုန်ကူးခြင်းမှ ဒေါ်လာသန်းပေါင်းများစွာရနေသောကြောင့် ၎င်းတို့၏ ရက်စက်သော နည်းဗျူဟာများကို ဆလက်ကျင့်သုံးနေနိုင်ကြသည်ဟု အမေရိကန်အရာရှိများက ပြောကြားခဲ့သည်။

''ဒီလို ဆုငွေထုတ်လိုက်တဲ့အတွက် အိုင်အက်စ်တွေကို အကျိုးရှိစေတဲ့ ရေနံနဲ့ ရှေးဟောင်းပစ္စည်းတွေ ထုတ်လုပ် မှောင်ခိုကုန်ကူး ရောင်းချမှုမှာ ပါဝင်ပတ်သက်နေတဲ့ တစ်သီးပုဂ္ဂလ (ဒါမှမဟုတ်) အဖွဲ့အစည်းတွေနဲ့ စပ်လျဉ်းတဲ့ သတင်းအချက်အလက်တွေ ရလာနိုင်သလို၊ မှောင်ခိုဂိုဏ်းတွေ၊ နည်းဗျူဟာတွေ၊ လမ်းကြောင်းတွေနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေလည်း ရလာနိုင်မယ်လို့ အမေရိကန်ပြည်ထောင်စုက မျှော်လင့်ထားတယ်''ဟု ဆုငွေထုတ်ပြန်သည့် ကြေညာချက်တွင် ပြောကြားထားသည်။

အိုင်အက်စ်အကြမ်းဖက်အုပ်စုကို အမည်အမျိုးမျိုးဖြင့် ခေါ်ဝေါ်နေကြသော်လည်း ကျွမ်းကျင်သူများကမူ ကမ္ဘာအရပ်ရပ်မှ တပ်သားသစ်များကို ဆွဲဆောင်နိုင်သည့် သမိုင်းတွင်ပေါ်ဖူးသမျှ ငွေကြေးအတောင့် တင်းဆုံး အဖွဲ့အစည်းအဖြစ် ဖော်ပြခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags