ပြင်သစ်အဲလ်စ်တောင်တန်းတွင် အပြည်ပြည်ဆိုင်ရာ ရေခဲရုပ်တုပြိုင်ပွဲ ကျင်းပ

ပြင်သစ်အဲလ်စ်တောင်တန်းတွင် အပြည်ပြည်ဆိုင်ရာ ရေခဲရုပ်တုပြိုင်ပွဲ ကျင်းပ

ဇန်နဝါရီ ၁၈ ။             ။ ပြင်သစ်နိုင်ငံ၊ ဆာဗွိုင်းနယ်မြေ၊ ပြင်သစ်အဲလ်စ်တောင်တန်းမှာ ၂၈ ကြိမ်မြောက် Valloire အပြည်ပြည်ဆိုင်ရာ ရေခဲရုပ်တုပြိုင်ပွဲကို လတ်တလောမှာပဲ ကျင်းပခဲ့တယ်လို့ သိရပါတယ်။

၂၈ ကြိမ်မြောက် Valloire အပြည်ပြည်ဆိုင်ရာ ရေခဲရုပ်တုပြိုင်ပွဲကို ဇန်နဝါရီလ ၁၅ ရက်ကနေ ၁၈ ရက်အထိ ၄ ရက်တိုင်တိုင် ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။

အဆိုပါပြိုင်ပွဲမှာ ကမ္ဘာတစ်ဝန်းက ကျောက်ဆစ်ရုပ်တုဆရာအယောက် ၂၀ ဟာ ၎င်းတို့ရဲ့ အနုစိတ်ခြယ်မှုန်းထားတဲ့ ရေခဲရုပ်တုတွေနဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တယ်လို့ သိရပါတယ်။

“ဒီပြိုင်ပွဲအတွက် ရေခဲ ၁၈ တန်မှာရတယ်။ အလင်းရောင်ထိုးဖောက်ဝင်နိုင်တဲ့ ရေခဲမျိုးလိုချင်တာဆိုတော့ ပြင်သစ်တောင်ပိုင်းမှာရှိတဲ့ Narbonne မြို့က ရေခဲကိုမှာတာ။”လို့ Valloire ခရီးသွားရေးရာဌာနက ပက်စကယ်လ် ဒီလန်နွိုင်းက ပြောပါတယ်။

“ရေခဲရုပ်တုလုပ်မယ်ဆိုရင် နည်းအမျိုးမျိုး၊ ကိရိယာအမျိုးမျိုးသုံးပြီး လုပ်ရတယ်။ ရေခဲအပိုင်းအစတွေကို အုတ်ခဲပုံစံဖြစ်အောင် အရင်ဆုံးကော်နဲ့ကပ်တယ်။ ပြီးတော့မှ ကိုယ်လိုချင်တဲ့ ပုံစံကို ပြန်ဖော်တယ်။”လို့ ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်တဲ့ ဒိန်းမတ် ကျောက်ဆစ်ရုပ်တုဆရာ ကလီဘော့စ် ခါချန်ကိုက ပြောပါတယ်။

“အပူချိန်ကအမြဲတမ်းပြောင်းနေတာလေ။ နေထိလို့ မရဘူး။ နေဝင်တဲ့အချိန်၊ နေမထွက်သေးတဲ့အချိန်မှာပဲ လုပ်မှ အဆင်ပြေတာ။”လို့ ဟော်လန် ကျောက်ဆစ်ရုပ်တုဆရာမ လူတိုရော်တာစ်က ပြောပါတယ်။

“ထုထည်အကြီးကြီးတစ်ခုကနေ ကိုယ်လိုချင်တဲ့ ပုံစံရအောင်လုပ်ဖို့ အချိန်ယူရတယ်။ ရေခဲတွေက ကျိုးလွယ်တော့ ဖြည်းဖြည်းလေးလုပ်ရတယ်။”လို့ ပြင်သစ် ကျောက်ဆစ်ရုပ်တုဆရာ မက်ဆင်းမ် ဒူခရက်က ပြောပါတယ်။

 ပြိုင်ပွဲမှာ လက်ရာသေသပ်လှပတဲ့ ရေခဲရုပ်တုတွေကို ရွေးချယ်ပြီး ပြိုင်ပွဲဝင် ကျောက်ဆစ်ရုပ်တုဆရာတွေကို ဆုအသီးသီး ချီးမြှင့်ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly