ဆီးရီးယားမှာ တပ်ရုပ်သိမ်းကာနီး အမေရိကန်တပ်ဖွဲ့တွေကို အိုင်အက်စ်က အသေခံတိုက်ခိုက်တာကြောင့် လေးဦး ကျဆုံး

ဆီးရီးယားမှာ တပ်ရုပ်သိမ်းကာနီး အမေရိကန်တပ်ဖွဲ့တွေကို အိုင်အက်စ်က အသေခံတိုက်ခိုက်တာကြောင့် လေးဦး ကျဆုံး

ဒမတ်စကပ်၊ ဇန်နဝါရီ ၁၇ ။            ။ ဆီးရီးယားမြောက်ပိုင်းမှာ အမေရိကန်တပ်ဖွဲ့ဝင်တွေကို ဗုဒ္ဓဟူးနေ့မှာ အိုင်အက်စ်က အသေခံတိုက်ခိုက်ရာမှာ လေးဦး ကျဆုံးကြောင်း သိရပါတယ်။

 ဆီးရီးယားကနေ တပ်ရုပ်သိမ်းဖို့ ပြင်ဆင်နေတဲ့ အမေရိကန်တပ်တွေအတွက် စစ်ပွဲဒဏ်သင့် ဆီးရီးယားမှာ ၂၀၁၄ နောက်ပိုင်း အဆိုးဝါး တိုက်ခိုက်ခံရမှုပဲ ဖြစ်ပါတယ်။

 ဂျီဟတ်ဝါဒီ အိုင်အက်စ်တွေဟာ အကြီးအကျယ် အရေးနိမ့်နေပြီဖြစ်တာကြောင့် တပ်တွေ အားလုံး ပြန်ရုပ်သိမ်းတော့ဖို့ ညွှန်ကြားထားကြောင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြီးခဲ့တဲ့လမှာ ကြေညာပြီးနောက် ခု အသေခံဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပွားတာပဲ ဖြစ်ပြီး အိုင်အက်စ်တွေက ၎င်းတို့လက်ချက်လို့ ကြေညာထားပါတယ်။

 “အမေရိကန်စစ်သားနှစ်ဦး၊ ကာကွယ်ရေးဝန်ကြီးဌာန အရပ်သားဝန်ထမ်းတစ်ဦးနဲ့ ကန်ထရိုက်တာတစ်ဦးတို့ သေဆုံးကြောင်း၊ စစ်မှုထမ်းသုံးဦး ဒဏ်ရာရကြောင်း” ပင်တဂွန်က ထုတ်ပြန်ပါတယ်။

 အခု ဗုံးဖောက်ခွဲမှုဟာ ဆီးရီးယားမှာ အမေရိကန်တပ်တွေ ၂၀၁၄ ခုနှစ်အတွင်းက တပ်ဖြန့်ပြီးချိန်ကစပြီး အသေအဆုံး အများဆုံး ဖောက်ခွဲတိုက်ခိုက်ခံရမှုပဲ ဖြစ်တယ်လို့ ပင်တဂွန်စာရင်းတွေအရ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly