မဟာအောင်မြေ NLD ရုံးတည်ဆောက်ရန် အလှူငွေများ ပေးအပ်

မဟာအောင်မြေ NLD ရုံးတည်ဆောက်ရန် အလှူငွေများ ပေးအပ်

မန္တလေး၊ ဇန်နဝါရီ ၁၇ ။                  ။ မန္တလေးတိုင်းဒေသကြီး၊မဟာအောင်မြေမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး တည်ဆောက်ရန်နှင့် မြေဝယ်ယူနိုင်ရန်အတွက် အလှူငွေပေးအပ်ပွဲအခမ်းအနားကိုဇန်နဝါရီလ ၁၇ ရက်၊မွန်းလွဲ ၂ နာရီက မန္တလေးမြို့၊အောင်မြေသာစံမြို့နယ်၊၁၄လမ်းနှင့်လမ်း၈ဝထောင့်ရှိ ဧရာဝတီမြင့်မိုရ် အဆင့်မြင့်မူကြို တွင်ပြုလုပ်ခဲ့သည်။

"လိုအပ်တဲ့ဟာလေး လှူတာပါ။ NLD ဆိုတာကလည်း ချမ်းသာတဲ့ ပါတီမှမဟုတ်တာ။ဒါကြောင့်မို့ လှူဒါန်းတာပါ။"ဟု မန္တလေးတိုင်း ကျောက်မျက်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမြင့်ဟန်ကပြောသည်။

အလှူငွေများ ပေးအပ်ရာတွင် ကျောက်မျက်လုပ်ငန်းရှင်းများအသင်း(မန္တလေး)က ကျပ်သိန်း ၁၀၀၊ ကျောက် မျက်ရတနာလုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ ဦးလဖိုင်ခွန်ဆာနှင့် ဇနီးက ကျပ်သိန်း ၅၀၊ ဧရာဝတီမြင့်မိုရ် ကုမ္ပဏီမှ ဦးကျော်ဝင်း၊ဒေါ်လွင်လွင်မာက ကျပ်သိန်း ၂၀၊မြန်မာသူရ ကျောက်မျက် ကုမ္ပဏီမှ ဦးလှစိုးဦး၊ သုဓမ္မ သိင်္ဂ ီ ဒေါ်သန်းသန်းက ကျပ် ၁၀ သိန်းနှင့်စိမ်းမြကြည် ကျောက်မျက်ကုမ္ပဏီမှ ဦးမြအောင် ၊ဒေါ်အေးက ကျပ် ၅ သိန်းတို့ လှူဒါန်းခဲ့သည်။

"အခုလို ဝိုင်းဝန်း လှူဒါန်းတာ ဝမ်းသာစရာပါ။အားလုံးပူးပေါင်းပြီး လုပ်ဆောင်ရမှာပါ။"ဟု မြို့နယ် NLD ရုံးဖြစ်မြောက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးတင်ထွန်းက ပြောသည်။

အလှူငွေများကို အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဦးနှင့် ရုံးတည်ဆောက်ရေး ကော်မတီတို့က လက်ခံရယူခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required