ဘရာဇီးတိရိစ္ဆာန်ဥယျာဉ်က တိရိစ္ဆာန်တွေကို ရာသီဥတု ပူပြင်းမှုဒဏ် ခံနိုင်အောင်လို့ အေးခဲ စားစရာများ ကျွေးမွေး

ဘရာဇီးတိရိစ္ဆာန်ဥယျာဉ်က တိရိစ္ဆာန်တွေကို ရာသီဥတု ပူပြင်းမှုဒဏ် ခံနိုင်အောင်လို့ အေးခဲ စားစရာများ ကျွေးမွေး

ဇန်နဝါရီ ၁၇ ။            ။ ဘရာဇီးနိုင်ငံမှာတော့ နွေရာသီကာလက အလျင်အမြန် ပြောင်းလဲ ကျရောက်လာခဲ့ပြီး ရာသီဥတု ပူပြင်းမှုနဲ့ ကြုံတွေ့နေရလျက် ရှိပါတယ်။

ရီယိုဒီဂျနေးရိုး မြို့မှာလည်း ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း အပူချိန်ဟာ ၄၀ ဒီဂရီ ဆဲလ်စီယပ်ကို ကျော်လွန်နေလျက် ရှိပါတယ်။

ယခုလို ရာသီဥတု ပူပြင်းလွန်းနေချိန် ရီယိုဒီဂျနေးရိုးမြို့ တိရိစ္ဆာန်ရုံမှာ ရှိတဲ့ တိရိစ္ဆာန်တွေ အပူဒဏ်ကနေ သက်သာရာရစေဖို့လည်း တာဝန်ရှိသူတွေ စီစဉ်ပေးနေရလျက် ရှိပါတယ်။

ယခုအခါ ယင်းတိရိစ္ဆာန်ရုံမှာ လှောင်အိမ် တစ်ချို့မှာ အဲယားကွန်း လွှတ်ပေးထားရသလို တိရိစ္ဆာန်တွေကိုလည်း အေးခဲ စားစရာတွေ အမျိုးမျိုး ဖန်တီး ကျွေးမွေးပေးလျက် ရှိကြောင်း သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags