ဂျပန်မှာ မီးတောင်ပေါက်ကွဲ၊ မီးခိုးနှင့် ပြာများ ကောင်းကင်တွင် ဖုံးလွှမ်း

ဂျပန်မှာ မီးတောင်ပေါက်ကွဲ၊ မီးခိုးနှင့် ပြာများ ကောင်းကင်တွင် ဖုံးလွှမ်း

ဇန်နဝါရီ ၁၇ ။            ။ ဂျပန်နိုင်ငံ တောင်ပိုင်း ကျွန်းငယ်တစ်ခုပေါ်က မီးတောင်တစ်ခု ဇန်နဝါရီ ၁၇ ရက်က ပေါက်ကွဲခဲ့ပြီး မီးခိုးနဲ့ ပြာတွေဟာ လေထုထဲ ခြောက်ကီလိုမီတာအထိ မှုတ်ထုတ်နေခဲ့တယ်လို့ သိရပါတယ်။

နိုင်ငံတောင်ဘက်ခြမ်းမှာ ရှိတဲ့ ကူချီနိုရာဘူကျွန်းမှာ ဖြစ်ခဲ့တဲ့ ပေါက်ကွဲမှုမှာတော့ လူသေဆုံးမှု သို့မဟုတ် ထိခိုက်ဒဏ်ရာရမှု သတင်းတွေတော့ ထွက်ပေါ်ခြင်း မရှိပါဘူး။

ယင်း ကျွန်းမှာ နေထိုင်တဲ့ လူဦးရေ ၁၀၉ ဦးမျှသာ ရှိပြီး ယခုထက်ထိတော့ ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးရခြင်းမျိုး မရှိသေးဘူးလို့ ဒေသတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

NHK သတင်းဌာန ထုတ်လွှင့်တဲ့ ပုံရိပ်တွေအရ မီးတောင်ပေါက်ကွဲပြီး ပြာနဲ့ မီးခိုးလုံးကြီးတွေ  လှိမ့်တက်နေတာကိုတော့ တွေ့မြင်ခဲ့ရပါတယ်။

ဂျပန် မိုးလေဝသ ဌာနက သတိပေးချက်သစ်တစ်ခု ထုတ်ပြန်ပြီးပြီးချင်း ယင်းမီးတောင်ပေါက်ကွဲမှု ဖြစ်ခဲ့တာဖြစ်ပါတယ်။

" ခုလောလောဆယ်အထိတော့ လယ်ဗယ် ၃ သတိပေးချက်ပဲ ထုတ်ရပါသေးတယ်၊ ဒါကတော့ မီးတောင်ဧရိယာထဲ မဝင်ရဆိုတဲ့ အဓိပ္ပါယ်ပါ" ဆိုပြီး ယင်းမီးတောင်ပေါက်ကွဲရာ ဒေသက မိုးလေဝသအေဂျင်စီမှ တာဝန်ရှိသူဖြစ်တဲ့ ဖူဂျီမတ်ဆုက ပြောသွားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly