နိုင်ရိုဘီက အဆင့်မြင့်ဟိုတယ်တစ်ခုမှာ တိုက်ခိုက်မှုဖြစ်ပြီး ခြောက်ဦးသေဆုံး

နိုင်ရိုဘီက အဆင့်မြင့်ဟိုတယ်တစ်ခုမှာ တိုက်ခိုက်မှုဖြစ်ပြီး ခြောက်ဦးသေဆုံး

နိုင်ရိုဘီ၊ ဇန်နဝါရီ ၁၆ ။               ။ ကင်ညာမြို့တော် နိုင်ရိုဘီက အဆင့်မြင့်ဟိုတယ်တစ်ခုမှာ အသေခံဗုံးခွဲသမားတစ်ဦးနဲ့ သေနတ်သမားတွေ ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ လူအနည်းဆုံး ခြောက်ဦး သေဆုံးကြောင်း သိရပါတယ်။

 DusitD2 ဟိုတယ်မှာ ဖြစ်ပွားတဲ့ ဒီ စီးနင်းတိုက်ခိုက်မှုမှာ သေနတ်သံတွေကို ပြတ်တောင်းပြတ်တောင််း ကြားနေရပြီး ရဲတွေဟာ ဟိုတယ်ထဲ ရှင်းလင်းဝင်ရောက်ကာ လူတွေကို ကယ်ထုတ်နိုင်ရေး ကြိုးစားနေပါတယ်။

အခန်းပေါင်း ၁၀၁ ခန်း၊ စားသောက်ဆိုင်နဲ့ ရုံးခန်းတွေပါ ဖွင့်ထားရာ ဒီဟိုတယ်မှာ အင်္ဂါနေ့ နေ့လယ် ၃ နာရီလောက်အချိန်က တိုက်ခိုက်မှု စတင်ဖြစ်ပွားတာပါ။

အယ်ခါဒါနဲ့ ဆက်နွယ်တဲ့ ဆိုမာလီအဖွဲ့ဖြစ်တဲ့ အယ်ရှာဘတ်အဖွဲ့က အခုတိုက်ခိုက်မှုကို ကျူးလွန်ကြောင်း ဂျီဟတ်လှုပ်ရှားမှုတွေကို စောင့်ကြည့်တဲ့ SITE ထောက်လှမ်းရေးအဖွဲ့က အတည်ပြုထားပါတယ်။ အယ်ရှာဘတ်ဟာ ၂၀၁၃ ခုနှစ်မှာ နိုင်ရိုဘီက ရှော့ပင်းမောလ်တစ်ခုကို စီးနင်းတိုက်ခိုက်ခဲ့ဖူးပါတယ်။

အထူးတပ်ဖွဲ့ဟာ တိုက်ခိုက်ရေးသမားတွေနဲ့ တစ်နာရီကြာမှှှ အပြန်အလှန်ပစ်ခတ်ပြီးနောက်မှာ ရုံးခန်းတွေထဲ ပိတ်မိနေတဲ့ အလုပ်သမားတွေကို ကယ်ထုတ်ပြီး ဘေးလွတ်ရာ ရွှေ့ပြောင်းပေးထားပါတယ်။

 “ဒီဟိုတယ်မှာ လက်နက်ကိုင်တိုက်ခိုက်သမားတွေ ဆက်ပြီး ရှိနေတုန်းပဲ။ ကျွန်တော်တို့ ရှင်းလင်းရေး ဆောင််ရွက်နေတုန်းပဲ ဖြစ်တယ်။”လို့ ရဲထောက်လှမ်းရေးချုပ် ဂျိုးဆက်ဘင်းနက်က ပြောပါတယ်။

 အခုတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ဆိုးဝါးတဲ့ အကြမ်းဖက်လုပ်ရပ်ပဲ ဖြစ်တယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ရှုတ်ချထားပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly