ပိုလန်က မြို့တော်ဝန်တစ်ဦး ရန်ပုံငွေကောက်ခံပွဲက လူရာပေါင်းများစွာရှေ့မှာ ဓားနဲ့ အထိုးခံရ

ပိုလန်က မြို့တော်ဝန်တစ်ဦး ရန်ပုံငွေကောက်ခံပွဲက လူရာပေါင်းများစွာရှေ့မှာ ဓားနဲ့ အထိုးခံရ

၀ါဆော၊ ဇန်နဝါရီ ၁၄ ။   ။ ပိုလန်နိုင်ငံ ဆိပ်ကမ်းမြို့တစ်မြို့ဖြစ်တဲ့ ဒန့်စ်မြို့ရဲ့ မြို့တော်ဝန်ဟာ တနင်္ဂနွေနေ့က ရန်ပုံငွေကောက်ခံပွဲတစ်ရပ်မှာ လူရာပေါင်းများစွာရှေ့မှာ ဓားနဲ့ အထိုးခံရကြောင်း ရဲနဲ့ မီဒီယာတွေက ဆိုပါတယ်။

ဆေးဝါးပစ္စည်း အလှူခံ ကောက်ခံတဲ့ ပွဲမှာ ဓားကိုင်လုပ်ကြံသူတစ်ဦးက လူရာပေါင်းများစွာ ရှေ့မှောက်မှာပဲ အသက် ၅၃ နှစ်ရှိ မြို့တော်ဝန် ပါဝဲလ်အဒမ်မိုဝစ်ဇ်ကို ဓားနဲ့ ဝင်ထိုးတာဖြစ်ပါတယ်။

ဆေးဖက်အကူတွေက ပါဝဲလ်ကို ဓားထိုးခံရတဲ့ နေရာမှာပဲ သတိပြန်လည်အောင် ပြုစုကုသပေးပြီးနောက်မှာ ဆေးရုံသို့ တင်ပို့လိုက်တာပါ။

မြို့တော်ဝန် ပါဝဲလ်ရဲ့ အခြေအနေက အရမ်းစိုးရိမ်ရတယ်လို့ ဌာနေအာဏာပိုင်တေတွအတွက် အလုပ်လုပ်ပေးနေတဲ့ ဆရာဝန်တစ်ဦးက ပြောပါတယ်။

ဓားထိုးခံရတာကို ရိုက်ကူးမိထားတဲ့ ဗီဒီယိုဟာ ယူကျူ့ပေါ်မှာ ပြန့်နှံ့နေပြီး ဓားကိုင်သူဟာ စင်မြင့်ပေါ် အတင်းတက်ပြီး ပိုဝဲလ်ကို ဓားနဲ့ ဝင်ထိုးတာကို ဒီဗီဒီယိုမှာ မြင်တွေ့ရပါတယ်။

တိုက်ခိုက်တဲ့သူဟာ ပါဝဲလ်ကို ဓားနဲ့ ထိုးအပြီးမှာ စင်မြင့်ပေါ်က မိုက်ခရိုဖုန်းကို လုယူပြီး Civic Platform အရင်အစိုးရရဲ့ မှားယွင်းထောင်ချပြီး ညှင်းပန်းနှိပ်စက်ခံရတာကြောင့် ခုလို ကျုးလွန်တာလို့ ပြောလိုက်ပါတယ်။

တိုက်ခိုက်သူကို လုံခြုံရေးတွေက အလျင်အမြန် ဖမ်းချုပ်ပြီး ရဲတွေက ဖမ်းခေါ်ဆောင်သွားခဲ့ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly