အမေရိကန်လျှို့ဝှက်ချက်များ ဖွင့်ချခဲ့သူ ဖော်ကောင် စနိုးဒန်း တွစ်တာအကောင့်ဖွင့်စသုံး၊ NSA တစ်ခုတည်းကိုပဲ follow လုပ်ထား

အမေရိကန်လျှို့ဝှက်ချက်များ ဖွင့်ချခဲ့သူ ဖော်ကောင် စနိုးဒန်း တွစ်တာအကောင့်ဖွင့်စသုံး၊ NSA တစ်ခုတည်းကိုပဲ follow လုပ်ထား

ပြည်ပြေးအမေရိကန် ထောက်လှမ်းရေး ကန်ထရိုက်တာဟောင်း အက်ဝပ်စနိုးဒန်းက လူမှုမီဒီယာ တွစ်တာတွင် အကောင့်ဖွင့်ထားလိုက်ပြီဖြစ်သည်။ ၎င်း၏ တွစ်တာအကောင့် ပထမဆုံး တွစ်လုပ်သည့် စကားမှာ "ကျွန်တော်အသံကို ကြားလား"ဟူ၍ အစဆုံး တွစ်ရေးထားခြင်းဖြစ်သည်။

လျှို့ဝှက်ချက်များ ဖွင့်ချလိုက်၍ အမေရိကန်တွင်အလိုရှိနေသည့် စနိုးဒန်းက ၎င်း၏ တွစ်တာတွင် follow လုပ်ထားသည်မှာ ၎င်းလျှို့ဝှက်ချက်များ ဖွင့်ချလိုက်ရာ အမျိုးသားလုံခြုံရေးအေဂျင်စီ NSA ၏ တွစ်တာ အကောင့်တစ်ခုတည်းကိုပဲ follow လုပ်ထားသည်။

အမေရိကန်၏ တရားစွဲဆိုမည့်ဘေးမှ ထွက်ပြေးကာ စနိုးဒန်းသည် လက်ရှိတွင် ရုရှနိုင်ငံ မော်စကိုတွင် နေထိုင်နေလျက်ရှိနေနိုင်သည်။

တွစ်တာအကောင့်ပေါ်တွင် စနိုးဒန်း၏ ဒုတိယမြောက် တွစ်ရေးသားမှုမှာ အမေရိကန်အာကာသ သိပ္ပံပညာရှင် Neil deGrasse Tyson အား " အခုအင်္ဂါဂြိုဟ်ပေါ်မှာ ရေရနိုင်ပြီပေါ့။ နယ်စပ်မှာ ပတ်စပို့တွေ စစ်ဆေးတယ်လို့ မင်းသိသလား။ သူငယ်ချင်းတစ်ယောက်အတွက် မေးတာပါ။"ဟု ကျီစယ်ကာ ပြန်လည်ဖြေကြားသည့် တွစ်စာကို ရေးသားထားခြင်းဖြစ်သည်။

အခြားတွစ်စာတွင်လည်း "သူရဲကောင်း၊ သစ္စာဖောက်။ ကျွန်တော်ကတော့ စကားပြောတတ်တဲ့ နိုင်ငံသားတစ်ယောက်သာပဲဖြစ်တယ်။"ဟုလည်း ရေးသားထားသည်။

စနိုးဒန်း၏ အကောင့်ကို တွစ်တာက အတည်ပြုဖွင့်ပေးပြီး ကိုးနာရီအတွင်း followers ပေါင်း ၇၁၀၀၀၀ ကျော်ထက်မနည်းရရှိခဲ့သည်။

ဇွန်လအတွင်းက အိုလံပစ်ကစားသမားဟောင်းနှင့် တီဗီကြယ်ပွင့်  Caitlyn Jenner သည် တွစ်တာတွင် follower အမြန်ဆုံးရရှိသူဖြစ်ပြီး  အကောင့်ဖွင့်ပြီး လေးနာရီကျော်အတွင်း follower ပေါင်း တစ်သန်းအထိ ရရှိခဲ့သူဖြစ်သည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly