စူပါတိုင်ဖုန်းမုန်တိုင်း ထိုင်ဝမ်သို့ ဝင်ရောက်တိုက်ခတ်၍ သုံးဦးသေဆုံးပြီး ဒဏ်ရာရသူပေါင်း ၃၀၀ ကျော်ထက်မနည်းရှိ

စူပါတိုင်ဖုန်းမုန်တိုင်း ထိုင်ဝမ်သို့ ဝင်ရောက်တိုက်ခတ်၍ သုံးဦးသေဆုံးပြီး ဒဏ်ရာရသူပေါင်း ၃၀၀ ကျော်ထက်မနည်းရှိ

စူပါတိုင်ဖုန်းမုန်တိုင်း Dujuan ထိုင်ဝမ်သို့ တိုက်ခတ်သွားရာတွင် သေဆုံးသူ သုံးဦးရှိပြီး ဒဏ်ရာရသူပေါင်းမှာ ၃၄၆ ဦးရှိကြောင်း ဗဟိုအရေးပေါ်ဆောင်ရွက်မှုစင်တာက စက်တင်ဘာ ၂၉ ရက်တွင်ကြေညာ သည်။

မုန်တိုင်းဝင်ရောက်ပြီးနောက် ထိုင်းဝမ်ကျွန်းမြောက်ပိုင်းတွင် အပျက်အစီးများ ဖြစ်ပေါ်ကျန်ရစ်ပြီး ထိုင်ဝမ်တွင် လျှပ်စစ်မီးပြတ်တောက်မရရှိသူ ပြည်သူပေါင်းမှာ သန်းဝက်ခန့်နီးပါးရှိနေသည်။ စက်တင်ဘာ ၂၉ ရက် နံနက်ပိုင်းက မုန်တိုင်းသည် တရုတ်ကမ်းခြေမြို့တစ်မြို့ဖြစ်သည့် Putian မြို့သို့ ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံပိုင် ဆင်ဟွာသတင်းတွင် ဖော်ပြထားသော်လည်း ပျက်စီးမှုသတင်းများ လတ်တလော ချက်ချင်းမရရှိသေးပေ။

ထိုင်ဝမ်တွင် မုန်တိုင်းတွင်း ဒဏ်ရာရသူအများစုမှာ လွင့်ဝဲလာသည့် အပျက်အစီးများနှင့် ထိမှန်ခြင်းနှင့် ယာဉ်မတော်တဆဖြစ်ခြင်းများကြောင့် ဖြစ်ကြောင်း ယင်းစင်တာက ပြောသည်။ လေပြင်းများကြောင့် သစ်ပင်များ အမြစ်လိုက်ကျွတ်ထွက်ခြင်းနှင့် ပြတင်းမှန်များ ကွဲရှခြင်းများဖြစ်ကာ မိုးများလည်း သည်းထန်စွာရွာ၍ မြေပြိုမှုများလည်း ဖြစ်ပွားသည်။

နေရာဘေးကင်းရာ ရွှေ့ပြောင်းသူပေါင်း ၁၂၀၀၀ ကျော်ထက်မနည်းရှိပြီး ယာယီကယ်ဆယ်ရေးတဲများ ၃၀၀၀ နီးပါးရှိကြောင်း အာဏာပိုင်များက ပြောသည်။

သြဂုတ်လအတွင်းက တိုင်ဖုန်းမုန်တိုင်း ဆော်ဒီလာ ဝင်ရောက်တိုက်ခတ်၍ သီတင်းပတ်များစွာ ဒေသခံများ နေရပ်မပြန်နိုင်ဘဲဖြစ်နေစဉ် ကာလတွင်းမှာပင် ယခုကဲ့သို့ တိုင်ဖုန်းမုန်တိုင်းနောက် တစ်ကြိမ်ဝင်ရောက် တိုက်ခတ်ခဲ့ခြင်းပင်ဖြစ်သည်။

Ref: CNA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly