တောင်တွင်းကြီးတွင် သက်တမ်း ၉၈ နှစ်ရှိသော ကြေးခေါင်းလောင်းတစ်ခုပျောက်ဆုံး

တောင်တွင်းကြီးတွင် သက်တမ်း ၉၈ နှစ်ရှိသော ကြေးခေါင်းလောင်းတစ်ခုပျောက်ဆုံး

မကွေး၊ ဇန်နဝါရီ ၈ ။                ။ တောင်တွင်းကြီးမြို့နယ်ရှိ ဘုန်းကြီးကျောင်းတစ်ခုတွင် သက်တမ်း ၉၈ နှစ်ရှိသော ကြေးခေါင်းလောင်းတစ်ခုပျောက်ဆုံးမှု ဖြစ်ပွားခဲ့ကြောင်း တောင်တွင်းကြီး မြို့မရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ  ၂ဝ၁၉ ခုနှစ်​၊ဇန်​နဝါရီ (၆)ရက်​​နေ့ ည(၈း၃ဝ) နာရီအချိန်​ခန်​့တွင်​ ​တောင်​တွင်​းကြီးမြို့ အ​နောက်​ဘက်​၊ဝါးခြမ်​းကာ​ကျေးရွာ အ​နောက်​​ကျောင်​း၊ပညာရာမဘုန်​းကြီး​ကျောင်​း ပညာရာမဘုရားဝန်​းအတွင်​းရှိ ​ကြေး​ခေါင်​း​လောင်​း​ပျောက်​ဆုံးမှုဖြစ်​ပွား​ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ​ခေါင်​း​လောင်​းမှာ မြန်​မာသက္ကရာဇ်​(၁၂၈၂)ခုနှစ်​ သီတင်​းကျွတ်​လကွယ်​​နေ့တွင်​ ဝါခြမ်​းကာ​ကျေးရွာတွင်​နေထိုင်သော ဦး​ရွှေသင်​း၊ဇနီး ​ဒေါ်မယ်​မှန်​း(​ခေါင်​း​လောင်​း​ပေါ်တွင်​အလှူရှင်​သူကြီးသား ဦး​ပေါ်လာ စာတမ်​းပါ)တို့မှ လှူဒါန်​းခဲ့ခြင်​းဖြစ်​​ကြောင်​း၊​ကြေးပိဿာ(၁၁၉)ပိဿာ၊အချင်​း(၂)​ပေ၊အမြင်​့(၂၇)လက်​မ ရှိ​ကြောင်​း၊သက်​တမ်​း(၉၈)နှစ်​ခန်​့ရှိပြီဖြစ်​​ကြောင်​း စိစစ်​သိရှိရကြောင်း ရဲမှတ်တမ်းများမှ သိရသည်။

အဆိုပါ​ခေါင်​း​လောင်​း​ပျောက်​ဆုံးမှုနှင်​့ပတ်​သက်၍ ခိုးယူသွားသူများကို ဥပ​ဒေအရ စုံစမ်​း​ဖေါ်ထုတ်​အ​ရေးယူ​ပေးရန်​ ဝါးခြမ်​းကာ​ကျေးရွာအုပ်​စုမှ အုပ်​ချုပ်​​ရေးမှူး ဦးညွန်​့ဝင်​းမှတရားလိုပြုလုပ်​တိုင်​တန်​းသဖြင်​့​ တောင်​တွင်​းကြီးမြို့မရဲစခန်​း မှ(ပ)၁၆/၂၀၁၉၊ရာဇသတ်​ကြီးပုဒ်​မ-၃၇၉ အရ အမှုဖွင်​့ စစ်​​ဆေးလျက်​ရှိ​ကြောင်​းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly