ကာမလိမ်လည်ဖြားယောင်းမှုနှင့် တိုင်ကြားခြင်းခံရသော သရုပ်ဆောင် ဝေဠုကျော်ကို တရားရုံးက ဆင့်ခေါ်မည်

ကာမလိမ်လည်ဖြားယောင်းမှုနှင့် တိုင်ကြားခြင်းခံရသော သရုပ်ဆောင် ဝေဠုကျော်ကို တရားရုံးက ဆင့်ခေါ်မည်

ဇန်နဝါရီ၊ ရန်ကုန် ။                 ။ ကာမလိမ်လည်ဖြားယောင်းမှု နှင့်တရားစွဲတိုင်ကြားခြင်း ခံရသော ရုပ်ရှင်သရုပ်ဆောင် ဝေဠုကျော်ကို သင်္ဃန်း ကျွန်းမြို့နယ်တရားရုံးက လာမည့်ဇန်နဝါရီလ ၂၂ရက်နေ့တွင် ရုံးရှေ့ရောက်ရန် ဆင့်ခေါ်သွားမည် ဖြစ်ကြောင်း တရားရုံးမှ သိရသည်။

အလှမယ်သင်းသင်းဦးက ရုပ်ရှင်သရုပ်ဆောင်ဝေဠုကျော်ကို ကာမလိမ်လည်ဖြားယောင်းမှု နှင့်တရားစွဲ တိုင်ကြားရန် သင်္ဃန်းကျွန်းမြို့နယ်တရားရုံးတွင် ဇန်နဝါရီလ ၈ရက်နေ့ ဦးတိုက်လျှောက်ထားခဲ့ခြင်းဖြစ်သည်။

"စွဲဖြစ်ခဲ့တဲ့အကြောင်းကတော့ ဥပဒေအတိုင်းပဲဆောင်ရွက်မယ်ပေါ့နော်။ ဥပဒေအကြောင်းကိုလည်း သိစေ ချင်လို့။ ငွေလျော်ကြေးလိုချင်လို့ မဟုတ်ပါဘူး။ တကယ့်ကို ထိခိုက်နစ်နာလို့ တရားစွဲရခြင်း ဖြစ်ပါတယ်"ဟု အလှမယ်သင်းသင်းဦးက ပြောသည်။

လက်ရှိတွင် သရုပ်ဆောင်ဝေဠုကျော်သည်် ရာဇသတ်ကြီးပုဒ်မ ၄၁၇ နှင့် စွပ်စွဲခံရထားပြီး တရားလို အလှမယ် သင်းသင်းဦးက သက်သေခိုင်လုံသော ကြောင့် တရားရုံးတွင် ဦးတိုက်လျှောက်ထားရခြင်းဖြစ်ကြောင်း သိရသည်။

''တရားစွဲတာက အခုချိန်အထိကြာသွားတယ်ဆိုတာ ခြေလှမ်းကလည်း နောက်မဆုတ်ပါဘူး။ ကျွန်မဒီတိုင်းပဲ သွားနေတာပါ။အဲ့တော့ ဖေ့စ်ဘုတ်မှာက ကိုယ့်အတွေးနဲ့ကိုယ်၊ ကိုယ့်ဟာနဲ့ ကိုယ်ရေးနေတာဖြစ်တဲ့အတွက် အဲ့ဒါတွေအားလုံးခေါင်းထဲမှာ မရှိပါဘူး။မရပ်တန့်ပါဘူး။ အဲ့တော့ တရားစွဲတဲ့အလုပ်ဆိုတာ ကိုယ့်ဘက်က သက်သေမခိုင်လုံဘဲနဲ့ အသေအချာမဖြစ်ဘဲနဲ့ပေါ့နော် တရားရုံးတော့လာလို့ မရဘူးရှင့်" ဟု အလှမယ် သင်းသင်းဦးက ပြောသည်။

အလှမယ် သင်းသင်းသည် လက်ရှိတွင် သရုပ်ဆောင် ဝေဠုကျော်နှင့် ယခင်က ပတ်သက်ခဲ့သည့် ကိစ္စရပ်များ ကို အချက်အလက်များပြန်လည် စုဆောင်းကာ ရှေ့နေများနှင့် တိုင်ပင်၍ တရားရုံးသို့ ဦးတိုက် လျှောက်ထားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

၎င်းတို့နှစ်ဦးသည် လူမှုကွန်ရက်တွင် တွေ့ခဲ့ခြင်း မဟုတ်ကြောင်း ၊  ချစ်သူသက်တမ်း ရှစ်လကျော်ရှိပြီး ဒီဇင်ဘာ ၂ ရက်နေ့အထိ အဆက်အသွယ်ရှိခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly