ထိုင်းနိုင်ငံ ဘန်ကောက်မှာ အဆောက်အအုံ ပြိုကျမှု ဖြစ်ပြီး လူ ၂ ဦး ထိခိုက်ဒဏ်ရာရ

ထိုင်းနိုင်ငံ ဘန်ကောက်မှာ အဆောက်အအုံ ပြိုကျမှု ဖြစ်ပြီး လူ ၂ ဦး ထိခိုက်ဒဏ်ရာရ

ဇန်နဝါရီ ၈ ။             ။ ထိုင်းနိုင်ငံ မြို့တော် ဘန်ကောက်မှာ အဆောက်အအုံတစ်လုံးကို ဖြိုချဖျက်စီးဖို့ လုပ်နေစဉ်မှာပဲ ပြိုကျမှုဖြစ်ခဲ့လို့ အမျိုးသမီး နှစ်ဦး ဒဏ်ရာရရှိသွားတယ်လို့ ထိုင်းပြည်တွင်း မီဒီယာတွေမှာ ဖော်ပြနေကြပါတယ်။

၎င်းတို့ နှစ်ဦးကတော့ အဆိုပါ လေးထပ် အဆောက်အအုံပေါ်ကနေ ပြုတ်ကျလာတဲ့ အပျက်အစီး အစိတ်အပိုင်းတွေနဲ့ ထိမှန်ပြီး ဒဏ်ရာရရှိသွားကြတာဖြစ်တယ်လို့ The Nation သတင်းဌာနက ဖော်ပြပါတယ်။

အဆိုပါ ပြိုကျခဲ့တဲ့ အဆောက်အအုံကတော့ ဘန်ကောက်မြို့ Ramkamhaeng လမ်းပေါ်မှာ ရှိတယ်လို့ သိရပါတယ်။

ပြည်တွင်း သတင်းမီဒီယာတွေရဲ့ ဖော်ပြချက်အရ ယင်း ပြိုကျခဲ့တဲ့ အဆောက်အအုံဟာ ဖြိုချဖျက်စီးဖို့ လုပ်နေစဉ်မှာပဲ ပြိုကျခဲ့တာဖြစ်ပြီး လူတွေကို ထိခိုက်ဒဏ်ရာရရှိစေခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာ သက်ဆိုင်ရာ အာဏာပိုင်တွေက ယင်း အဆောက်အဦး ဖြိုချမှု လုပ်ငန်းအားလုံးကို ရပ်ဆိုင်းထားဖို့ နဲ့ ဘေးကင်းလုံခြုံရေး စစ်ဆေးမှုတွေ လုပ်ဖို့ ညွှန်ကြားထားတယ်လို့ သိရပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly