သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံရန် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်း တရုတ်မှာ ရောက်ရှိနေ

သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံရန် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်း တရုတ်မှာ ရောက်ရှိနေ

ဇန်နဝါရီ ၈ ။               ။ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းဟာ တရုတ်နိုင်ငံ အလည်အပတ်ခရီးစဉ်အဖြစ် ဇန်နဝါရီ ၈ ရက်က ပေကျင်းမြို့ ဘူတာရုံသို့ ရောက်ရှိလာခဲ့ကြောင်း တောင်ကိုရီးယား Yonhap သတင်းအေဂျင်စီက ဖော်ပြပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဟာ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံဆွေးနွေးဖို့အတွက် ယခု ခရီးစဉ် လာရောက်ခြင်း ဖြစ်တယ်လို့ သိရပါတယ်။

တောင်ကိုရီးယား သတင်းဌာနရဲ့ ဖော်ပြချက်မှာတော့ ကင်မ် စီးနင်းလိုက်ပါလာတဲ့ အစိမ်းပုတ်ရောင် ရထားကြီး ပေကျင်းဘူတာရုံကို ဒေသစံတော်ချိန် မနက် ၁၀  နာရီ ၅၅ မိနစ်မှာ ဆိုက်ကပ်လာတဲ့ ပုံတစ်ပုံကို ဖော်ပြထားပါတယ်။

ကင်မ်ကတော့ တရုတ်နိုင်ငံမှာ ဇန်နဝါရီ ၁၀ ရက်အထိ ရှိနေမယ်လို့ သိရပါတယ်။

ယခု တရုတ်ခရီးစဉ်မှာ မြောက်ကိုရီးယားခေါင်းဆောင်နဲ့အတူ ဇနီးဖြစ်သူ ရီ ဆိုလ် ဂျူနဲ့ အခြား အဆင့်မြင့် အရာရှိကြီးတွေလည်း လိုက်ပါလာတယ်လို့ သိရပါတယ်။

၎င်းရဲ့ ခရီးစဉ်ကို တရုတ်ရဲ့ Xinhua သတင်းဌာနကလည်း အတည်ပြုပါတယ်။

ယခုလို မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ရဲ့ ကြိုတင်ကြေညာမထားတဲ့ တရုတ်ခရီးစဉ်အတွင်း ပေကျင်းမြို့မှာတော့ လက်ရှိမှာ လုံခြုံရေးတွေ တင်းတင်းကျပ်ကျပ် ချထားလျက် ရှိပါတယ်။

ဒါဟာ မြောက်ကိုရီးယားခေါင်းဆောင်အနေနဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ဒုတိယအကြိမ် တွေ့ဆုံဖို့အတွက် အကြိုပြင်ဆင်တဲ့အနေနဲ့ တရုတ်ကို လာရောက်ခြင်းဖြစ်တယ်လို့လည်း ယုံကြည်ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly