ထိုင်ဝမ်ကို တရုတ်ပြည်မကြီးနဲ့ ပြန်လည်ပေါင်းစည်းရေးမှာ စစ်အင်အားသုံးမှာကို မစွန့်လွှတ်ဘူးလို့ ရှီကျင့််ဖျင် ပြော

ထိုင်ဝမ်ကို တရုတ်ပြည်မကြီးနဲ့ ပြန်လည်ပေါင်းစည်းရေးမှာ စစ်အင်အားသုံးမှာကို မစွန့်လွှတ်ဘူးလို့ ရှီကျင့််ဖျင် ပြော

ပေကျင်း၊ ဇန်နဝါရီ ၂ ။              ။ ထိုင်ဝမ်ကို တရုတ်ပြည်မကြီးအတွင်း ပြန်လည်ပေါင်းစည်းရေးဟာ မြေကြီးလက်ခတ်မလွဲ ဖြစ်ရလိမ့်မယ်လို့ တရုတ်သမ္မတ ရှီကျင့်ဖျင်က ဇန်နဝါရီ ၂ ရက်မှာ ပြောဆိုပါတယ်။

ထိုင်ဝမ်ကျွန်းရဲ့ လွတ်လပ်ရေး ကြိုးပမ်းမှု ဘယ်လို လုပ်ဆောင်ချက်မျိုးကို ဆန့်ကျင်သွားမှာ ဖြစ်ကြောင်းပြောဆိုရင်း ထိုင်ဝမ်အရေးမှာ စစ်အင်အားသုံးမယ့် ရွေးချယ်စရာလမ်းကို တရုတ်က စွန့်လွှတ်သွားမှာလည်း မဟုတ်ကြောင်း သမ္မတ ရှီကျင့်ဖျင်က သတိပေးပြောဆိုပါတယ်။

ရှီကျင့်ဖျင်ရဲ့ ခုလို ပြောဆိုချက်နဲ့ ပတ်သက်ပြီး ထိုင်ဝမ်ပြည်သူတွေရဲ့ တုံ့ပြန်ပြောဆိုချက်ကို အေအက်ဖ်ပီက မေးမြန်းရာမှာ ဒန််နီယယ်ချန်းဆိုသူက “တရုတ်ဟာ ကွန်မြူနစ် တစ်ပါတီစနစ် နိုင်ငံ မဟုတ်ဘူးဆိုရင် ပြန်လည်ပေါင်းစည်းရေး စဉ်းစားဖြစ်ချင် စဉ်းစားဦးမယ်။ ကွန်မြူနစ် တစ်ပါတီနိုင်ငံ ဖြစ်နေဆဲဆိုတာကတော့ ကျွန်တော်တို့ လက်ခံနိုင်မှာ မဟုတ်ဘူး။”လို့ ပြောဆိုပါတယ်။

တရုတ်နိုင်ငံဟာ ဒီမိုကရက်တစ် ထိုင်ဝမ်ကို ၎င်းပိုင် နယ်မြေအဖြစ် ပြန်လည်ပေါင်းစည်းဖို့ ရှုမြင်သဘေားထားနေတာ ဖြစ်ပါတယ်။ ထိုင်ဝမ်ဟာ ၁၉၄၉ ခုနှစ် ပြည်တွင်းစစ် အဆုံးသတ်ပြီးကတည်းက သီခြားခွဲထွက် ရပ်တည်ခဲ့တာလည်း ဖြစ်ပါတယ်။

တရုတ်ရဲ့ သဘောထားနဲ့ ပတ်သက်ပြီး တင်ယန်းဆိုသူ ထိုင်ဝမ်ပြည််သူတစ်ဦးကလည်း “တစ်နိုင်ငံ စနစ်နှစ်ရပ်တဲ့လား။ အမှန်တကယ်တော့ ကျွန်တော်တို့ဟာ တစ်နိုင်ငံတည်း မဟုတ်ဘူး။ ထိုင််ဝမ်က ထိုင်ဝမ်ပါပဲ။ တရုတ်က တရုတ်ပဲ။ ကျွန်တော်တို့ဟာ စနစ်နှစ်ရပ်ဖြစ်ပြီး နိုင်ငံကလည်း နှစ်နိုင်ငံပဲ ဖြစ်တယ်။”လို့ ပြောဆိုခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly