ဖိလစ်ပိုင်မုန်တိုင်းကြောင့် သေဆုံးသူ ၈၅ ဦးရှိလာ

ဖိလစ်ပိုင်မုန်တိုင်းကြောင့် သေဆုံးသူ ၈၅ ဦးရှိလာ

ဇန်နဝါရီ ၂ ။               ။ ဖိလစ်ပိုင်နိုင်ငံမှာ ဝင်ရောက်တိုက်ခတ်နေတဲ့ အူစမန်မုန်တိုင်းကြောင့် သေဆုံးသူ ၈၅ ဦးအထိရှိလာခဲ့ပြီး ၂၀ ဦးပျောက်ဆုံးလျက်ရှိကြောင်း အာဏာပိုင်တွေက ယနေ့မနက်မှာပဲ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

အူစမန်မုန်တိုင်းဟာ ဖိလစ်ပိုင်နိုင်ငံကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ၊ ၂၉ ရက်နေ့ကတည်းက ဝင်ရောက်တိုက်ခတ်နေခဲ့တာဖြစ်ပြီး မြေပြိုမှု၊ ရေကြီးမှုတွေ ဖြစ်ပွားနေခဲ့တာဖြစ်ပါတယ်။

အဆိုပါမုန်တိုင်းကြောင့် ဖိလစ်ပိုင်ဒေသခံ ၁၉၁၅၉၇ ယောက်ဟာ အိမ်ခြေရာမဲ့ဖြစ်ခဲ့ရသလို အယောက် ၄၀ ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။

 အိမ်ခြေရာမဲ့ဖြစ်ကုန်တဲ့ ဖိလစ်ပိုင်ဒေသခံတွေအနက် မုန်တိုင်းဒဏ်ပြင်းထန်တဲ့ ဖိလစ်ပိုင်အလယ်ပိုင်းနဲ့ မြောက်ပိုင်းမှာ နေထိုင်တဲ့ ဒေသခံ ၂၄၈၉၄ ယောက်အတွက် နေစရာတွေစီစဉ်ပေးထားတယ်လို့ သိရပါတယ်။

ဖိလစ်ပိုင်နိုင်ငံအတွင်း ဝင်ရောက်တိုက်ခတ်လျက်ရှိတဲ့ အူစမန်မုန်တိုင်းကြောင့် Bitcol တောင်တန်းဒေသမှာ ဒေသခံတော်တော်များများ သေဆုံးခဲ့ရတာဖြစ်ပါတယ်။

မုန်တိုင်းကြောင့် သေဆုံးသူဦးရေဟာ ထပ်တိုးလာဖို့့ပဲရှိကြောင်း၊ လောလောဆယ်မှာတော့ ၈၅ ဦးရှိနေပြီဖြစ်ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly