တိုင်​း​ဒေသကြီးဘတ်​ဂျက်ဖြင့် မကွေးတိုင်းရှိ ဝန်​ထမ်​းအိမ်ရာ ၁၀ လုံး ဆောက်လုပ်ပေးထား

တိုင်​း​ဒေသကြီးဘတ်​ဂျက်ဖြင့် မကွေးတိုင်းရှိ ဝန်​ထမ်​းအိမ်ရာ ၁၀ လုံး ဆောက်လုပ်ပေးထား
 ဇန်နဝါရီလ ၄ ရက်နေ့တွင် ဖွင့်လှစ်မည့် မင်းဘူးမြို့ရှိ ဝန်ထမ်းအိမ်ရာအား တွေ့ရစဉ်။ 

မကွေး၊ ဇန်နဝါရီ ၁ ။        ။ မ​ကွေးတိုင်​း​ဒေသကြီးအတွင်​း ဝန်​ထမ်​းများသက်​သာ​ချောင်​ချိ​ရေးအတွက်​၂၀၁၈ ခုနှစ်​အထိ တိုင်​း​ဒေသကြီးဘတ်​ဂျက်​​ငွေ ကျပ်သန်း ၆၀၀၀ ကျော်​ဖြင်​့ ဝန်​ထမ်​းအိမ်​ရာ ၁၀ လုံး ဆောက်​လုပ်ပေးခဲ့ကြောင်​း မ​ကွေးတိုင်​း​ဒေသကြီး၊မြို့ပြနှင်​့အိမ်​ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။

ဝန်​ထမ်​းများသက်​သာ​ချောင်​ချိ​ရေးအတွက်​ ဝန်​ထမ်​း အိမ်ရာ ၁၀ လုံးကို မ​ကွေးမြို့တွင်​(၄)လုံး၊​ရေနံ​ချောင်​းမြို့၊​ချောက်​မြို့၊ပခုက္ကူ မြို့၊​တောင်​တွင်​းကြီးမြို့၊ မင်​းဘူးမြို့နှင်​့သရက်​မြို့တို့တွင်​ ဝန်​ထမ်​းအိမ်​ယာတစ်​လုံးစီ​ ဆောက်လုပ်​ခဲ့ကြောင်​း တိုင်​း​ဒေသကြီး၊မြို့ပြနှင်​့အိမ်​ရာဖွံ့ဖြိုး​ရေးဦးစီးဌာန ညွှန်​ကြား​ရေးမှူး ဦးသူရိန်​ထံက သိရသည်​။

အဆိုပါဆောက်လုပ်ခြင်းကို ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှ ၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ မီနီဘတ်ဂျက်ကာလအတွင်း တိုင်းဒေသကြီး ဘတ်ဂျက်ငွေ ကျပ်သန်း(၆၀၈၅.၆၁၀) ဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 အသေးစိတ် ဖော်ပြရလျှင် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် မကွေးမြို့တွင် (၈)ခန်းတွဲ (၅)ထပ် ဝန်ထမ်းအိမ်ရာ (၃)လုံး ၊ ကုန်ကျငွေ ကျပ်သန်း(၁၉၀၅)သန်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် မကွေးမြို့၌ (၈)ခန်းတွဲ (၆)ထပ် ဝန်ထမ်းအိမ်ရာ(၁)လုံး ၊ ကုန်ကျငွေ ကျပ်သန်း(၇၉၀)သန်း၊ချောက်မြို့တွင် (၈)ခန်းတွဲ (၆)ထပ် ဝန်ထမ်းအိမ်ရာ (၁)လုံး ၊ ကုန်ကျငွေ ကျပ်သန်း(၇၈၅)သန်း၊ ရေနံချောင်းမြို့တွင် (၈)ခန်းတွဲ(၆)ထပ် ဝန်ထမ်းအိမ်ရာ (၁)လုံး ကုန်ကျငွေ ကျပ်သန်း (၈၀၃.၈၀၀)သန်း၊ တောင်တွင်းကြီးမြို့တွင် (၈)ခန်းတွဲ (၆)ထပ် ကုန်ကျငွေ ကျပ်သန်း(၈၀၄.၃၀၀)သန်း၊ ၂၀၁၈ မီနီဘတ်ဂျက်ကာလတွင် ပခုက္ကူမြို့တွင် (၈)ခန်းတွဲ (၆)ထပ် ဝန်ထမ်းအိမ်ရာ (၁)လုံး ကုန်ကျငွေ ကျပ်သန်း(၉၁၄.၅၁၀)သန်း၊မင်းဘူးမြို့တွင် (၈)ခန်းတွဲ(၆)ထပ် ကုန်ကျငွေ ကျပ်သန်း (၉၄၀.၅၀၀)သန်း၊ သရက်မြို့တွင် (၈)ခန်းတွဲ (၆)ထပ် ဝန်ထမ်းအိမ်ရာ (၁)လုံး ကုန်ကျငွေ ကျပ်သန်း(၉၄၂.၅၀၀)သန်းဖြင့် ဆောက်လုပ်ခဲ့ကြောင်း သိရသည်။

ဝန်​ထမ်​းအိမ်​ရာ တစ်​ခန်​းလျှင်​ (၆၀၂)စတုရန်​း​ပေ ကျယ်​ဝန်​းပြီး မိသားစုလိုက်​​ နေထိုင်နိုင်ရန် တည်​​ဆောက်​ထားပြီး အ​ဆောက်​အဦများတည်​​ဆောက်​ပြီးစီးပါက ဝန်​ထမ်​းများ​နေထိုင်​ခွင်​့ပြုပြီး အရာထမ်​းဆိုလျှင် လစာ၏(၅)ရာခိုင်​နှူန်​း၊ အမှူထမ်​းဆိုလျှင် လစာ၏(၃)ရာခိုင်​နှူန်​း ​ပေး​ဆောင်​​စေမည်​ဖြစ်​​ကြောင်​းသိရသည်​။

 လက်ရှိ မကွေးမြို့တွင် ၂၀၁၆-၂၀၁ရခုနှစ်က ဆောက်လုပ်ခဲ့သည့် ဝန်ထမ်းအိမ်ရာ ၃ လုံးတွင် ဝန်ထမ်းများထားရှိပြီး အခန်းခ (၁)လလျှင် (၂၀၀၀၀) ကျပ်ဖြင့် ငှားရမ်းထားရှိပြီး လာမည့် ဇန်နဝါရီလ ၄ ရက်နေ့တွင် မင်းဘူးမြို့ရှိ ဝန်ထမ်းအိမ်ရာအား ဖွင့်ပွဲပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly