မန်ချက်စတာမှာ ဓားကိုင်ရမ်းကားတိုက်ခိုက်သူတစ်ဦး လက်ချက်ကြောင့် လူ ၃ ဦး ဒဏ်ရာရ

မန်ချက်စတာမှာ ဓားကိုင်ရမ်းကားတိုက်ခိုက်သူတစ်ဦး လက်ချက်ကြောင့် လူ ၃ ဦး ဒဏ်ရာရ

ဇန်နဝါရီ ၁ ။         ။ ဗြိတိန်နိုင်ငံ မန်ချက်စတာမြို့က ဘူတာရုံတစ်ခုမှာ ဒီဇင်ဘာ ၃၁ ရက်က ဓားကိုင်ရမ်းကားသူတစ်ဦးရဲ့ လက်ချက်ကြောင့် လူ သုံးဦး ဓားဒဏ်ရာတွေ ရရှိသွားခဲ့ပါတယ်။

ယင်းဖြစ်စဉ်မှာ အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦးနဲ့ ရဲတစ်ဦးတို့ ဓားဒဏ်ရာတွေ အသီးသီး ရရှိသွားခဲ့ပါတယ်။

တိုက်ခိုက်မှုကတော့ နယူးရီးယားနေ့ အင်္ဂလန်အနောက်မြောက်ပိုင်းမြို့က မန်ချက်စတာ ဗစ်တိုးရီးယား ဘူတာရုံမှာ ဖြစ်ပေါ်ခဲ့တာဖြစ်ပါတယ်။ ဓားကိုင်တိုက်ခိုက်သူကိုတော့ ရဲတပ်ဖွဲဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့ရပါတယ်။

ထွက်ပေါ်လာတဲ့ ရုပ်သံပုံရိပ်တွေအရ မန်ချက်စတာမြို့မှာ ဗြိတိန်ရဲတွေ အမျိုးသားတစ်ဦးကို ၀ိုင်းချုပ်ဖမ်းဆီးနေပြီး အနီးအနားမှာလည်း သွေးစက်တွေ ကျနေတာကို တွေ့မြင်ခဲ့ရပါတယ်။

သတင်းတွေအရ ယင်းတိုက်ခိုက်သူ အမျိုးသားဟာ ရထားဘူတာရုံမှာ အလ္လာဟ် လို့့ အော်ဟစ်ပြီး လိုက်လံရမ်းကားတိုက်ခိုက်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly