ရှန်ဟိုင်းမြို့မှာ ကျင်းပတဲ့ သဲပန်းပု ပွဲတော်

ရှန်ဟိုင်းမြို့မှာ ကျင်းပတဲ့ သဲပန်းပု ပွဲတော်

ဒီဇင်ဘာ ၃၀ ။         ။ သဲ နဲ့ ထုဆစ်ပုံဖော်ထားတဲ့ ပန်းပုလက်ရာ အမျိုးမျိုးကို ပြသထားတဲ့ သဲပန်းပု ပွဲတော်တစ်ခုကိုတော့ တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့မှာ ကျင်းပခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၈ ရက်က ဖွင့်လှစ်ခဲ့တဲ့ အဆိုပါ သဲပန်းပု ပွဲတော်မှာတော့ လက်ရာမြောက်စွာ ပုံဖော် ဖန်တီးထားတဲ့ သဲပန်းပုလက်ရာပေါင်း
ဒါဇင်ကျော်ကို ပြသထားပါတယ်။

ယင်း ပွဲတော်မှာ ပြသထားတဲ့ ပန်းပုလက်ရာတွေကတော့ အသေးစိတ်ကျကျ ဖန်တီးထားတဲ့အတွက် ယခုနှစ်ပွဲတော်ဟာ ယခင်နှစ်ပွဲကထက် ပိုကောင်းလာခဲ့ကြောင်း ယင်းပွဲလာရောက်ကြည့်ရှုသူတစ်ဦးဖြစ်တဲ့ အငြိမ်းစားကျောင်းဆရာ ထောင် ချွန်ဒီက ပြောသွားပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly