အာဂျင်တီးနားမှာ ညကျောင်းတွေ ပိတ်မယ့်အစီအစဉ်ကို ဆရာ၊ ဆရာမတွေ စုရုံးဆန္ဒပြ

အာဂျင်တီးနားမှာ ညကျောင်းတွေ ပိတ်မယ့်အစီအစဉ်ကို ဆရာ၊ ဆရာမတွေ စုရုံးဆန္ဒပြ

ဗျူနိုအေရိစ်၊ ဒီဇင်ဘာ ၂၈ ။        ။ အာဂျင်တီးနားနိုင်ငံ ဗျူနိုအေရိစ်က မြူနီစပယ်တာဝန်ရှိသူတွေဟာ ညကျောင်း ၁၄ ကျောင်းကို ပိတ်ဖို့ စီစဉ်နေတဲ့အတွက် ရာပေါင်းများစွာသော ဆရာ၊ ဆရာမတွေဟာ ကြာသပတေးနေ့မှာ ပညာရေးဝန်ကြီးဌာနရှေ့မှာ စုရုံးဆန္ဒပြကြပါတယ်။

အာဏာပိုင်တွေအနေနဲ့ ဆုံးဖြတ်ချက်ကို မပြောင်းလဲဘူးဆိုရင် ဆရာ၊ ဆရာမတွေဟာ ကျောင်းတွေ ပြန်ဖွင့်ရမယ့် အချိန်ဖြစ်တဲ့ ဖေဖော်ဝါရီ အစောပိုင်းအထိ ဆက်လက်ဆန္ဒပြသွားမှာဖြစ်တယ်လို့ အစိုးရကျောင်းတွေရဲ့ ကိုယ်စားပြု သမဂ္ဂအဖွဲ့ ခေါင်းဆောင်တွေက ပြောပါတယ်။

“အစိုးရအနေနဲ့ ကျောင်းတွေ ပိတ်ပစ်မယ့် အစီအစဉ်ကို စွန့်လွှတ်ဖို့အတွက် ဇန်နဝါရီ တစ်လလုံး အချိန်ရတယ်။”လို့ သမဂ္ဂအတွင်းရေးမှူး ဂွါလာမိုက ပြောပါတယ်။

ခုလို ညကျောင်းတွေ ပိတ်ဖို့ ဆုံးဖြတ်တာဟာ မရ ရအောင် ကျောင်းတက်နေရတဲ့သူတွေကို အစီအစဉ်ကျကျ တိုက်ခိုက်လိုက်တာပဲ ဖြစ်တယ်လို့ သမဂ္ဂက ထုတြ်ပန်ပါတယ်။

နေ့ပိုင်းမှာ အလုပ်လုပ်ကိုင်ရသူတွေ၊ ကိုယ်အောက် မွေးချင်းအငယ်တွေကို ကြည့်ရှုစောင့်ရှောက်ရသူတွေ စတဲ့ အကြောင်းအမျိုးမျိုးနဲ့ နေ့ကျောင်းမတက်နိုင်လို့ မရရအောင် ညကျောင်းတက်နေရတဲ့သူတွေအတွက် ထိုးနှက်ခံလိုက်ရတာပဲ ဖြစ်လိမ့်မယ်လို့လည်း ဆိုပါတယ်။

ညကျောင်း ၁၄ ကျောင်း ပိတ်မယ်ဆိုပါက ဆရာ၊ ဆရာမပေါင်း ၁၂၀၀ ကျော်နဲ့ ကျောင်းသားကျောင်းသူပေါင်း ၃၀၀၀ ကျော်ထက်မနည်းအပေါ် ဆိုးကျိုးသက်ရောက်စေမှာ ဖြစ်ပါတယ်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly