မကွေးတွင် မူးယစ်ဆေးဝါးရောင်းချနေသူနှင့် လာဝယ်ယူသူပါ ဖမ်းမိ

မကွေးတွင် မူးယစ်ဆေးဝါးရောင်းချနေသူနှင့် လာဝယ်ယူသူပါ ဖမ်းမိ

မကွေး၊ ဒီဇင်ဘာ ၂၇ ။      ။ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ၊ ကျောင်းတွင်းရပ်ကွက်အပိုင် ဒေါ်ပမယ်(ခ)ဒေါ်လှလှဝင်း၏ လယ်စောင့်တဲ (နေအိမ်တဲ)အား ဒီဇင်ဘာ ၂၇ ရက်နေ့ နေ့လည် ၁၁ နာရီအချိန့်ခန့်က ဝင်ရောက်ရှာဖွေရာ ဘိန်းစိမ်းဟု ယူဆရသော အမဲရောင်အစေးထုပ် အလေးချိန်(၁၂၀)ဂရမ်နှင့်အတူ လူ ၃ ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း ငဖဲမြို့မ ရဲစခန်းမှ သိရသည်။

အမှတ် (၁၅) မူးယစ်တပ်ဖွဲစုမှ မကွေးမှ ရဲအုပ်သန်းဇော်လတ်နှင့်အဖွဲ့၊ ငဖဲမြို႔မရဲစခန်းမှ ဒုရဲအုပ်ဇေယျာအောင်ကျော်နှင့်ရဲတပ်ဖွဲ့၊ သက်သေများအဖြစ် ကျောင်းတွင်းရပ်ကွက်အုပ်ချုပ်ရေးမှူး၊ နယ်ဇောကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် မူးယစ်ဆေးဝါးသတင်းအရ ကျောင်းတွင်းရပ်ကွက်၏ အနောက်ဘက် (၁) မိုင် (၄) ဖာလုံအကွာရှိ ဒေါ်ပမယ်(ခ)ဒေါ်လှလှဝင်း၏လယ်စောင့်တဲအား ဝင်ရောက်ရှာဖွေရာမှ ဘိန်းစိမ်းများကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၎င်း လယ်စောင့်တဲအပြင်ဘက်တွင် အိမ်ရှင်ဒေါ်ပမယ်(ခ)ဒေါ်လှလှဝင်းနှင့်အတူ ဦးနယ်နှင့် ဒေါ်မြင့်မြင့်ဝါတို့အားတွေ့ရှိပြီး မီးဖိုခန်းအမိုးဝါးလုံးတန်းတွင် ချိတ်ဆွဲထားသော SONIC စာတန်းပါ အပြာရောင်ဆိုင်ကယ်စီးဦးထုပ်အတွင်း ထပ်မံတွေ့ရှိသည်။

အနက်ရောင်ကြွပ်ကြွပ်အိပ်ဖြင့်ထည့်ထားသော အဖြူရောင်ပလပ်စတစ်အိတ်ငယ်များဖြင့်ထုပ်ပိုးထားသည့် ဘိန်းစိမ်းယူဆရသော အမဲရောင်အစေး အထုပ်သေး စုစုပေါင်း(၃၁)ထုပ်၊ အလေးချိန်(၉၅)ဂရမ်ခန့်၊ တန်ဖိုး(၈၀၇၅၀)ကျပ်နှင့် အလားတူ  အလေးချိန်(၀.၅၆)ဂရမ်ရှိ အထုပ်သေး စုစုပေါင်း(၄၅)ထုပ်၊ အလေးချိန်(၂၅)ဂရမ်ခန့် စုစုပေါင်းတန်းဖိုး(၂၁၂၅၀)ကျပ် စုစုပေါင်း အလေးချိန်(၁၂၀)ဂရမ်၊ စုစုပေါင်းတန်ဖိုး (၁၀၂၀၀၀) ကျပ် အား ဖမ်းဆီးရမိပြီး ငွေ (၂၅၀၀၀၀)ကျပ်အား သက်သေများနှင့်အတူ သိမ်းဆည်းရမိခဲ့သည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ မူးယစ်ဆေးဝါးလက်ဝယ်ထားရှိသူ ဒေါ်ပမယ်(ခ)ဒေါ်လှလှဝင်း(၄၃)နှစ်၊ ၎င်းထံမှ မူးယစ်ဆေးဝါးများ ဝယ်ယူရန်ရောက်ရှိနေသူ ဦးနယ်(၄၄)နှစ်၊ ဒေါ်မြင့်မြင့်ဝါ(၅၀)နှစ်တို့ အား  ငဖဲမြို့မရဲစခန်းတွင် မယ(ပ) ၉/၂၀၁၈၊ မူး/စိတ်ပုဒ်မ၁၉(က)/၂၀(က)/၂၁ ဖြင့် အမှုဖွင့်၊ အရေးယူထားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly