နေပြည်တော်ဝန်ထမ်းအိမ်ရာတွင် လူသေဆုံးမှုဖြစ်ပွား

နေပြည်တော်ဝန်ထမ်းအိမ်ရာတွင် လူသေဆုံးမှုဖြစ်ပွား

နေပြည်တော်၊ ဒီဇင်ဘာ ၂၇ ။         ။ အုပ်ချုပ်ရေးမြို့တော်ဖြစ်သော နေပြည်တော် ဇမ္ဗူသီရီမြို့နယ် ဉာဏသိဒ္ဓိရပ်ကွက်၊ တိုက်(၃၃၇၆) အခန်း(၁၅) တွင် ဒီဇင်ဘာလ ၂၆ရက်နေ့၌ အမျိုးသမီးတစ်ဦး ကြိုးဆွဲချသေဆုံးမှု ပုံစံဖြင့် လူသေဆုံးမှုတစ်ခု ဖြစ်ပွားခဲ့သည်။

 

ဖြစ်စဉ်မှာ နေပြည်တော်၊ ဇမ္ဗူသီရီမြို့နယ်၊ ဉာဏသိဒ္ဓိရပ်ကွက်၊ တိုက်(၃၃၇၆) အခန်း(၁၅) တွင် ဒီဇင်ဘာ ၂၆ ရက်က အမျိုးသမီးတဦး ကြိုးဆွဲချသေဆုံးနေကြောင်း သတင်းအရ စခန်းမှူးရဲအုပ်တင်သိန်းနှင့်အတူ  ရပ်ကွက် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ကွန်ပျူတာစီစဉ်ရေးမှူး လျှပ်စစ်ဌာနခွဲ၏ ဝန်ထမ်း ဒေါ်နီလာအောင်၏ မိခင်ဖြစ်သော ဒေါ်--- (၅၆)နှစ်သည် နေအိမ်တိုက်ခန်း၏ ရိုးရိုး အိမ်သာအတွင်းရှိ ပန်ကာနှင့်လေဝင်ပေါက်ကြားရှိ အုတ်နံရံအား နိုင်လွန်ကြိုး အစိမ်းရောင်ဖြင့် တွဲချည်ကာ လည်ပင်းကို ကြိုးကွင်းစွပ်လျက် ကြမ်းပြင်တွင် ဒူးထောက်အနေအထားဖြင့် ပြင်ပဒဏ်ရာမတွေ့ရှိရဘဲ သေဆုံး နေကြောင်း ကနဦးသိရသည်။

အဆိုပါဖြစ်စဉ်အတွက် သေဆုံးသူ၏ ရုပ်အလောင်းကို နေပြည်တော် ကုတင် (၁၀၀၀)ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်/မဟုတ်စုံစမ်းစစ်ဆေးနိုင်ရန်အတွက် အမှတ်(၇)နယ်မြေရဲစခန်း၌ သေမှု သေခင်းဖွင့်လှစ်ကာ ဆောင်ရွက်နေကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly