ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန Web Portal တည်ဆောက်ရန် တင်ဒါခေါ်ယူ

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန Web Portal တည်ဆောက်ရန် တင်ဒါခေါ်ယူ

ဒီဇင်ဘာ ၂၆ ။           ။ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်၊ ငွေလုံးငွေရင်းခွင့်ပြုချက်ဖြင့် Web Portal တည်ဆောက်ရန် ပြည်တွင်းကုမ္ပဏီများ ကို တင်ဒါခေါ်ယူနေကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရသည်။

 

ပြည်တွင်းခရီးသွားလုပ်ငန်း ပိုမိုကောင်းမွန်လာစေရန် Website ကိုအဆင့်မြှင့်တင်တည်ဆောက်ခြင်းဖြစ်ပြီး ကနဦး အနေဖြင့် Instagram Integration (User Generated Content)၊ Conversion System၊ Website Development – Content Management System & Web hosting အပိုင်းများကို တင်ဒါစတင်ခေါ်ယူခြင်း ဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

 

"Web Portal က အရင် Tourism Website ကို Web Portal အဆင့်မြှင့်တင်ပြီး ဆောက်မယ်။ Tourism တွေ အတွက် Instagram တွေချိတ်ဆက်နိုင်မှာလည်းပါတယ်။ Websiteကို Web Portal အဆင့်မြှင့်ပြီး Web Portal တည်ဆောက်မှာပါ" ဟု ၎င်းကပြောသည်။

 

တင်ဒါရောင်းချမှုကို ၂၀၁၈ခုနှစ် ဒီဇင်ဘာ ၂၁မှ ၂၀၁၉ခုနှစ် ဇန်နဝါရီ ၂၁ရက်အထိ တစ်လကြာ ရောင်းချ သွားမည် ဖြစ်ပြီး တင်ဒါပုံစံများကို တစ်စောင်လျှင် ၁၀၀၀၀ ကျပ် (တစ်သောင်းကျပ်) နှုန်းဖြင့် e-Government Office၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၃၃)၊ နေပြည်တော်တွင် ရုံးချိန်အတွင်း ဝယ်ယူနိုင်ကြောင်း သိရသည်။

 

၂၀၁၉ခုနှစ် ဇန်နဝါလ နောက်ဆုံးပတ်တွင် လာရောက်လျှောက်ထားသည့် ပြည်တွင်း ကုမ္ပဏီများ၏ တင်ဒါများ ကို စိစစ်ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly