ထိုင်းပြည်သူတွေအတွက် နှစ်ကူးလက်ဆောင်ဆိုပြီး လွှတ်တော်က ဆေးခြောက်ကို ကျန်းမာရေးအတွက် အသုံးပြုခွင့် ပေး

ထိုင်းပြည်သူတွေအတွက် နှစ်ကူးလက်ဆောင်ဆိုပြီး လွှတ်တော်က ဆေးခြောက်ကို ကျန်းမာရေးအတွက် အသုံးပြုခွင့် ပေး

ဘန်ကောက်၊ ဒီဇင်ဘာ ၂၆ ။           ။ ထိုင်းနိုင်ငံရဲ့ လွှတ်တော်ဟာ ကျန်းမာရေးအတွက် ဆေးခြောက်ကို အသုံးပြုခွင့်ပြုကြောင်း မဲပေးအတည်ပြုလိုက်ပြီး ဒါဟာ ထိုင်းပြည်သူတွေအတွက် နှစ်သစ်ကူးလက်ဆောင်လို့ အဓိကလွှတ်တော်အမတ်တစ်ဦးက ပြောပါတယ်။

စိတ်အပန်းဖြေဖို့အတွက် သုံးတာကိုတော့  ဥပဒေဖောက်ဖျက်မှုအဖြစ် ရှိနေဦးမှာပဲ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာ ဆေးခြောက်ကို တိုင်းရင်းဆေးအဖြစ် အသုံးပြုခဲ့တာပါ။ ဒါပေမယ့် ၁၉၃၀ ခုနှစ်မှာ တားမြစ်ပိတ်ပင်လိုက်တာ ဖြစ်ပါတယ်။

အရှေ့တောင်အာရှ ထိုင်းနိုင်ငံဟာ ကမ္ဘာပေါ်မှာ မူးယစ်ဆေးသုံးခြင်းနဲ့ လက်ဝယ်ရှိခြင်းကို ကြီးလေးတဲ့ ပြစ်ဒဏ်ပေးတဲ့ ကမ္ဘာပေါ်က နိုင်ငံတစ်နိုင်ငံလည်းဖြစ်ပါတယ်။

ဒေသတွင်းမှာ ဆေးဖြစ်ဝါးဖြစ် ဆေးခြောက်ကို သုံးစွဲခွင့်ပြုလိုက်တာဟာလည်း ဒေသတွင်းမှာ ထိုင်းနိုင်ငံက ပထမဆုံး နိုင်ငံပဲ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly