လျှပ်စစ်ဆိုလာမီးအား ပေါ့ဆစွာသုံးစွဲမှုကြောင့် နေအိမ်တစ်လုံးမီးလောင် 

လျှပ်စစ်ဆိုလာမီးအား ပေါ့ဆစွာသုံးစွဲမှုကြောင့် နေအိမ်တစ်လုံးမီးလောင် 

မြို့သစ်၊ ဒီဇင်ဘာ ၂၅ ။          ။ မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ် ဆင်ဖြူချည်ကျေးရွာအုပ်စု၊ ဖိုကုန်းကျေးရွာတွင်ဒီဇင်ဘာ ၂၅ ရက်နေ့ နေ့လည် ၁၁ နာရီအချိန်ခန့်တွင် ဦးသန်းလွင် အသက် (၄၈) နှစ် (ဘ)ဦးစံမောင်နေသူ ပိုင်ဆိုင်သည့် နေအိမ်အား ဆိုလာပြားမှတစ်ဆင့်မီးလောင်မှုဖြစ်ပွားသွားကြောင်း မြို့သစ်မြို့မရဲစခန်းမှ သိရသည်။

အဆိုပါဖြစ်စဉ်မှာ ဒီဇင်ဘာလ ၂၅ ရက်နေ့ နေလည်မွန်းလွဲ ၁ နာရီအချိန်ခန့်က မြို့သစ်မြို့နယ် ၊ ဆင်ဖြူချည်ကျေးရွာအုပ်စု ၊ ဖိုကုန်းကျေးရွာတွင် မီးလောင်မှုဖြစ်ပွားသွားကြောင်း သတင်းအရ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးဟိန်းသူဝင်းနှင့်ဝန်ထမ်းများ၊ခေတ္တမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးဝင်းနိုင်၊တာဝန်မှူးဒုရဲအုပ် ယဉ်ဝေဖြိုးနှင့်တပ်ဖွဲ့ဝင်များ၊မီးသတ်ဦးစီးဌာနမှ မြိ့ုနယ်ဦးစီးမှူး ဦးဝင်းဇင်ဖြိုးနှင့်မီးသတ်တပ်ဖွဲ့ဝင်များမှ မီးလောင်ကျွမ်းခဲ့သည့်နေအိမ်အား သွားရောက်စစ်ဆေးခဲ့သည်။

နေအိမ်မှာ  ဦးသန်းလွင်(ဘ)ဦးစံမောင်နေအိမ်ဖြစ်ပြီး ၄င်းနေအိမ်မှာ မြေစိုက်ထရံကာ သက္ကယ်မိုး (အရပ်အခေါ် ပိတ်စွယ်) (၃)ပင်အိမ်ဖြစ်ပြီး မီးလောင်ကျွမ်းရသည့် အကြောင်းအရင်းမှာ ၄င်းနေအိမ်အဖီအမိုးသက္ကယ်တွင် တင်၍ အသုံးပြုသည့် ဆိုလာပြားတွင် သွယ်တန်းထားသော လျှပ်စစ်ဝါယာကြိုးမှာ အပူချိန်လွန်ကဲပြီး အဖီသက္ကယ်အားစတင်လောင်ကျွမ်းကာ ထိုမှတစ်ဆင့် မီးကူးဆက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

ထိုကျေးရွာရှိ ရွာသူ/ရွာသားများမှ ဝိုင်းဝန်းငြိမ်းသတ်ကြသဖြင့် ၄င်းနေအိမ်တစ်အိမ်တည်းသာ မီးလောင်ကျွမ်းမှုဖြစ်ပြီး အခြားအနီးနားရှိ ပတ်ဝန်းကျင်အား မီးကူးစက်လောင်ကျွမ်းမှုမရှိဘဲ မီးလောင်ဆုံးရှုံးမှုတန်ဘိုးမှာ (၅၀၀၀၀ိ/-)ခန့်ဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

ထိုသို့ဖြစ်စဉ်နှင့်ပတ်သက်ပြီး နေအိမ်အား မီးလောင်ကျွမ်းမှုဖြစ်ပွားအောင် လျှပ်စစ်ဆိုလာမီးအား ပေါ့ဆစွာအသုံးပြုသူ ဦးသန်းလွင်အား မြို့သစ်မြို့မရဲစခန်း(ပ)၄၄၂/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၂၈၅ အရ အမှုရေးဖွင့်ပြီး အမှုအား ဒုရဲအုပ် ယဉ်ဝေဖြိုးက စစ်ဆေးဆောင်ရွက်နေကြောင်း သိရသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly