ကျွန်းစုနှင့် တနင်္သာရီ မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဆက်တိုက်ဖမ်းဆီးရမိ

ကျွန်းစုနှင့် တနင်္သာရီ မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဆက်တိုက်ဖမ်းဆီးရမိ

မြိတ်၊ ဒီဇင်ဘာလ ၂၅ ။             ။ မြိတ်ခရိုင်အတွင်းရှိ ယခုရက်ပိုင်းမှာ ကျွန်းစုနှင့်တနင်္သာရီ မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများအား ဆက်တိုက် ဖမ်းဆီးရမိနေကြောင်း သက်ဆိုင်ရာ မြို့နယ် ရဲစခန်းများထံမှ သိရသည်။

တနင်္သာရီမြို့နယ်၊ သိန်းခွန်းကျေးရွာအုပ်စု ချောင်းလမုကျေးရွာတွင် ဒီဇင်ဘာ ၂၃ ရက်နေ့က ဖမ်းဆီးခွင့် ဝရမ်း ဖြင့် နေအိမ်အတွင်း ဝင်ရောက်ရှာဖွေရာ ကာလတန်ဖိုး သိန်း ၇၀ ကျော်ရှိ ICE အစိုင်အခဲများ ဖြစ်သည့် မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိခဲ့သည်။

အလားတူ ၂၄ ရက်နေ့ ည ၉ နာရီ အချိန်တွင် တနင်္သာရီ- မြိတ် ကားလမ်းမကြီးပေါ်၌ ပိတ်ဆို့ရှာဖွေမှု ပြုလုပ်ရာ အိမ်စီး ကား ၁ စီးမှာ မြိတ်ဘက်သို့ မောင်းနင်းလာရာတွင် မသင်္ကာဖွယ် ယာဉ်အား ရပ်တန့် စစ်ဆေးရာ ယာဉ်မောင်းသူထံမှ ခန္ဓာကိုယ်ရှိ အကျင်္ ီထဲမှ WY စာတန်းပါ စုစုပေါင်း ၃၁၃၀ ပြား၊ (၀.၃၁၃) ကီလိုဂရမ် စုစုပေါင်း ကာလတန်ဖိုး ၁၅၆၅၀၀၀၀ ကျပ််ခန့်ကို ဖမ်းဆီး ရမိခဲ့သည်ဟု တနင်္သာရီမြို့နယ် ရဲစခန်းရုံးထံမှ သိရသည်။

ထို့အပြင် ကျွန်းစုမြို့၊ ရေပြည်အော်ကျေးရွာ၏ နောက်ဘက်တွင် မသင်္ကာဖွယ် စက်လှေ ၁ စီးအား နယ်ထိန်း ရဲတပ်ဖွဲ့များနှင့် ရာအိမ်မှူးများက သွားရောက် စစ်ဆေးရာ အမျိုးသား ၁ ဦးထံမှ WY စာတန်းပါ စိတ်ကြွဆေးပြား ၁၀၀၀ ကျော်ကို ဖမ်းဆီးရမိခဲ့သည်ဟု သိရ သည််။

မြိတ်မြို့တွင်လည်း ရပ်ကွက်အချို့၌ မူးယစ်ဆေးဝါးများကို လိုက်လံ ရောင်းနေသူများကို လည်း မကြာခဏ ဖမ်းဆီးရမိနေကြောင်း သိရသည်။

အထက်ပါ မြိတ်ခရိုင်းအတွင်းမှ မြို့နယ်များမှ မူးယစ်ဆေးဝါးများအား လက်ဝယ် ဖမ်းဆီးရမိသူများကို သက်ဆိုင်ရာ မြို့နယ်ရဲစခန်းရုံးများမှ အမှုဖွင့် အရေးယူဆောင်ရွက်နေကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly