ကြိုးဝိုင်းပြင်ပမှ စိန်ခေါ်မှုတွေပါ ရင်ဆိုင်နေရတဲ့ ဖိုးသော်

ကြိုးဝိုင်းပြင်ပမှ စိန်ခေါ်မှုတွေပါ ရင်ဆိုင်နေရတဲ့ ဖိုးသော်

ရန်ကုန်၊ ဒီဇင်ဘာ ၂၄ ။        ။ ဖိုးသော် ရင်ဆိုင်ရသော စိန်ခေါ်မှုကြီးများသည် ကြိုးဝိုင်းထဲတွင်သာမက ကြိုးဝိုင်းတစ်ဖက် အပြင်ဘက်တွင် လည်း ရှိနေသေးသည်။

အားကစားသမား ဖိုးသော်သည် ဆယ်စုနှစ် ၂ ခုလောက် ပြည်သူများအတွက် ပရဟိတလုပ်ငန်းများ ဆောင်ရွက်လျှက် ရှိနေပြီး ထိုလုပ်ငန်းများကို ဘယ်သောအခါမှ ရပ်တန့်သွားလိမ့်မည်
မဟုတ်ပေ။

“ကျွန်တော်ငယ်ငယ်ကတည်းက  လိုအပ်တဲ့သူတွေကို ကူညီပေးချင်တဲ့ စိတ်ရှိနေခဲ့တာပါ။ကျွန်တော် စိတ်ရောကိုယ်ပါ နှစ်မြှုပ်ပြီး လုပ်နေခဲ့တာပါ။”ဟု One Championship ဖယ်သာဝိတ်တန်းကစားသမား ဖိုးသော်က ဆိုသည်။

အသက် ၃၄ နှစ် အရွယ် ရှိပြီဖြစ်သော ဖိုးသော်သည် သွေးလှူဒါန်းခြင်းနှင့်ကလေးများကို ပညာဒါန သင်ကြားပေးခြင်းများကို ၎င်း တက္ကသိုလ်တက်စဉ်ကတညး်က ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

၂၀၀၈ ခုနှစ်၊ မေလတွင် ဖိုးသော်၏ မွေးရပ်ဇာတိဖြစ်ရာ ရန်ကုန်မြို့နှင့် မဝေးကွာသော ဧရာဝတီတိုင်း ဒေသကြီးသို့ ဆိုင်ကလုန်းမုန်တိုင်းကြီး နာဂစ်ဝင်ရောက်တိုက်ခတ်ခဲ့့ပြီး လူပေါင်း နှစ်သိန်းနီးပါးခန့် သေဆုံးခဲ့ကြပြီး အိမ်ခြေအမြောက်အများပျက်စီးဆုံးရှုံးခဲ့ရသည်။

ထိုအချိန်တွင် ဖိုးသော်သည် ပျက်စီးခဲ့သောဒေသများသို့ ကိုယ်တိုင်သွားရောက်ပြီး အသက်ရှင်ကျန်နေသူများ အတွက် လိုအပ်သောအကူအညီများကို မေးမြန်းကူညီပေးခဲ့သည်။
ထို့နောက် ၎င်းသည် ရန်ကုန်သို့ ပြန်လာခဲ့ပြီး NGO အဖွဲ့အစည်းများ၊ ပရဟိတအဖွဲ့အစည်းများ၏ အကူအညီတောင်းခံကာ စေတနာ့ဝန်ထမ်းများစုစည်း၍ နာရီပိုင်းအတွင်း ရေဘေးသင့်ရာဧရာဝတီဒေသသို့ ပြန်လည်သွားရောက်ပြီး အစားအစာ၊ဆေးဝါး စသော ရိက္ခာတို့ကို တတ်အားသရွေ့ ကူညီထောက်ပံ့ပေးခဲ့သည်။

ထိုနှစ်ကုန်ပိုင်းတွင် ဖိုးသော်သည် သွေးလှူဒါန်းခြင်းကို စီစဉ်ပေးသော မေတ္တာလူငယ်အဖွဲ့ကို တွဲဖက် တည်ထောင်ခဲ့သည်။

မေတ္တာလူငယ်အဖွဲ့၏ Facebook စာမျက်နှာကို ဝင်ရောက်လေ့လာကြည့်လျှင် အလှူရှင်များကဏ္ဍ၌ ဖိုးသော်ကို မကြာခဏ တွေ့မြင််ရမည်ဖြစ်သည်။ မကြာသေးမီကလည်း
ရန်ကုန်ကလေးဆေးရုံကြီး၏ ကင်ဆာဌာနသို့ ဖိုးသော်က အလှူငွေများပေးအပ်ခဲ့သည့် ပို့စ်တစ်ခု တင်ခဲ့သည်။

ယင်းအဖွဲ့အစည်းသည် နှစ်စဉ်ပျော်ပွဲရွှင်ပွဲ ပြုလုပ်လေ့ရှိပြီး အစားအစာများရောင်းချကာ ရန်ပုံငွေရှာလေ့ရှိသည်။ ထို့အပြင် မိဘမဲ့ဂေဟာများနှင့် စိတ္တဇဆေးရုံအတွက်လည်း
အလှူငွေများထောက်ပံ့ကူညီခဲ့သည်။

“စေတနာ့ဝန်ထမ်းတွေ ကျွန်တော်စုစည်းပြီး အရေးပေါ်စားနပ်ရိက္ခာ အသုံးအဆောင်တွေကို နယ်စပ်မှာရှိတဲ့ စစ်ဘေးသင့်ဒုက္ခသည်တွေဆီ လှူဒါန်းခဲ့ပါသေးတယ်။” ဟု ဖိုးသော်က ဆိုသည်။

ဖိုးသော်သည် အသက် ၃၀ အရွယ်၌ ကိုယ်ခံပညာသိုင်းပေါင်းစုံကစားသမားဘဝကို မခံယူမီ အငှားယာဉ်မောင်းအဖြစ် အသက်မွေးဝမ်းကျောင်း လုပ်ကိုင်ရင်း ထိုပရဟိတအဖွဲ့ကြီးအတွက်လည်း
တတ်အားသရွေ့ ပါဝင်ကူညီခဲ့သည်။

ဖိုးသော်သည် ပရဟိတသမားတစ်ဦးအဖြစ်မှ ယခုကဲ့သို့ ကိုယ်ခံပညာကစားသမားတစ်ဦးဖြစ်လာခြင်း အပေါ်တွင် လူအများအတွက် အံ့သြစရာ ဖြစ်ခဲ့သည်။

ပွဲစဉ်မှတ်တမ်း ၆ ပွဲနိုင် ၁ ပွဲရှုံး ရရှိထားသော ဖိုးသော်သည် ဘာသာရေးကို ယုံကြည်ကိုးကွယ်သူလည်း ဖြစ်သည်။

 “ဗုဒ္ဓမြတ်စွာရဲ့ အဆုံးအမတွေက ကျွန်တော်တို့ကို အချိန်တိုင်းစိတ်တည်ငြိမ်အောင်၊ အရက်သေစာများ မမှီဝဲဖြစ်အောင် အကုသိုလ်မှုမပြုဖြစ်အောင်တိုက်တွန်းတယ်။ ဒါ့အပြင် လူအများကို တတ်အားသရွေ့ အကူအညီများပေးဖို့နဲ့ ကိုယ်တိုင်လည်း ကောင်းမွန်စွာနေထိုင်ဖို့ သင်ကြားပြသပေးတယ်” ဟု ၎င်းကဆိုသည်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly