အပစ်ရပ်စာချုပ် ထိုး၊ မထိုးဆုံးဖြတ်မည့် ဒုတိယနေ့အစည်းအဝေး စပြီ

အပစ်ရပ်စာချုပ် ထိုး၊ မထိုးဆုံးဖြတ်မည့် ဒုတိယနေ့အစည်းအဝေး စပြီ

ချင်းမိုင်၊ စက်တင်ဘာ ၂၉ ။ ။ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲစာချုပ်မူကြမ်း (NCA) လက်မှတ်ရေးထိုးရေး၊ မထိုးရေး ဆုံးဖြတ်ချက်ချမည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ ဒုတိယနေ့ ထိပ်သီးအစည်းအဝေးကို စက်တင်ဘာလ ၂၉ ရက် နံနက် ၉ နာရီတွင် စတင်ကျင်းပနေသည်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ The Park ဟိုတယ်တွင် ကျင်းပနေသည့် ထိပ်သီး အစည်းအဝေးတွင် ဒုတိယ ဗိုလ်ချုပ်ကြီး စေထင်၊ အရံသဘာပတိ(၁) ပူးနန်လျန်ထန်းနှင့် အရံသဘာပတိ (၂) ဗိုလ်ချုပ်အိုက်ဘုန်း တို့က တာဝန်ယူခဲ့ကြသည်။ အကျိုးဆောင်အဖြစ် ပဒိုကွယ်ထူးဝင်းနှင့် စောမြရာဇာလင်းတို့ လုပ်ဆောင်ခဲ့သည်။

ပြည်သူလူထု၏ အကျိုးစီးပွားကို ကာကွယ်ရန်အတွက် ဖြစ်ချင်တာထက် ဖြစ်နိုင်တာကို ဦးစားပေး စဉ်းစား၍ စစ်မှန်သည့် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရန် ဟူသော ပန်းတိုင် မပျောက်ပျက်စေရန် ကာကွယ်သွားကြရန် ဒုဗိုလ်ချုပ် ဆေထင်၏ အဖွင့် မိန့်ခွန်း၌ တိုက်တွန်းထားသည်။

NCA လက်မှတ်ရေးထိုးမည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၆ ဖွဲ့ခန့် လက်မှတ် ရေးထိုးနုင်မည်ဟု တစ်ချို့ တိုင်းရင်းသား ခေါင်းဆောင်များထံမှ သိရသည်။ အစိုးရဘက်မှ NCA လက်မှတ်ရေးထိုးရန် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၁၅ ကို ကမ်းလှမ်းထားသည်။

မဇ္ဈိမရဲ့ SMS သတင်းတွေကို အခုပဲ ရယူလိုက်ကြရအောင်

Posted by Mizzima - News in Burmese on Sunday, September 6, 2015

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly