အာဂျင်တီးနားမှာ ဘတ်စ်ကားတစ်စီး လမ်းဘေးထိုးကျ တိမ်းမှောက်လို့ ၃ ဦးသေ၊ ၁၈ ဦး ဒဏ်ရာရ

အာဂျင်တီးနားမှာ ဘတ်စ်ကားတစ်စီး လမ်းဘေးထိုးကျ တိမ်းမှောက်လို့ ၃ ဦးသေ၊ ၁၈ ဦး ဒဏ်ရာရ

ဒီဇင်ဘာ ၂၄ ။       ။ အာဂျင်တီးနားနိုင်ငံမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၃ ရက်က ခရီးသည်တင်ဘတ်စ်ကားတစ်စီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးထိုးကျ တိမ်းမှောက်ခဲ့လို့ လူ သုံးဦး သေဆုံးပြီး ၁၈ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ဘတ်စ်ကားကတော့ ချီလီနိုင်ငံကနေ လာတဲ့ ကားဖြစ်ပြီး အာဂျင်တီးနားရဲ့ မန်ဒိုဇာ ဒေသမှာ ယခုလို မတော်တဆမှု ဖြစ်ခဲ့တာဖြစ်ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

ဘတ်စ်ကားမှာတော့ ခရီးသည် ၄၅ ဦး၊ ဒရိုင်ဘာ နှစ်ဦးတို့ လိုက်ပါလာခဲ့ပြီး ချီလီ ကုမ္ပဏီ Ahumada က ကားဖြစ်ကြောင်း သိရပါတယ်။

ယခုလို ကား လမ်းဘေးထိုးကျ တိမ်းမှောက်မှုကြောင့် အမျိုးသမီး တစ်ဦး ၊ ကလေးနှစ်ဦးတို့ သေဆုံးသွားတယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly