အိုင်အက်စ်အား လေကြောင်းတိုက်ခိုက်မှုတွင် ပူးပေါင်းပါ၀င်ရန် ရုရှ စဉ်းစားနေ

အိုင်အက်စ်အား လေကြောင်းတိုက်ခိုက်မှုတွင် ပူးပေါင်းပါ၀င်ရန် ရုရှ စဉ်းစားနေ

အိုင်အက်စ်စစ်သွေးကြွအဖွဲ့အား အမေရိကန်နှင့် မဟာမိတ်များ ဆင်နွှဲလျက်ရှိသည့် လေကြောင်းတိုက်ခိုက်မှုအတွင်း ရုရှနိုင်ငံပါဝင်ရန် စဉ်းစားလျက်ရှိကြောင်း သမ္မတဗလာဒီမာပူတင်က ပြောသည်။

ကုလသမဂ္ဂအထွေထွေညီလာခံ ပြင်ပန်းတွင် အမေရိကန်သမ္မတအိုဘားမားနှင့် တွေ့ဆုံပြီးနောက် ပူတင်က ပြောကြားလိုက်ခြင်းဖြစ်သည်။

သို့သော် ယင်းတွေ့ဆုံမှုနှင့် ညီလာခံတွင် ခေါင်းဆောင်များ မိန့်ခွန်းများတွင် ဆီးရီးယားစစ်အဆုံးသတ်ရေးအကြောင်းနှင့်ပတ်သက်ကာ အမြင်များကွဲလွဲမှုများရှိနေသည်။

အိုင်အက်စ်တို့ကို တိုက်ခိုက်ချေမှုန်းရာတွင် ဆီးရီးယားသမ္မတအာဆတ်နှင့်အတူ ပူးတွဲလုပ်ဆောင်ခြင်းမရှိပါက အမှားကြီးတွေ့မည်ဖြစ်ကြောင်း သမ္မတပူတင်က ပြောလိုက်သည်။

စက်တင်ဘာ ၂၈ ရက်က အမေရိကန်နှင့် ပြင်သစ်တို့က ဆီးရီးယားသမ္မတအာဆတ် ဆင်းပေးရမည်ဖြစ်ကြောင်း အလေးအနက်ပြောကြားလိုက်သည်။ သို့သော် ပူတင်က "သူတို့က ဆီးရီးယားနိုင်ငံသားတွေမဟုတ်ဘူး။ တစ်ခြားနိုင်ငံတစ်နိုင်ငံရဲ့ ခေါင်းဆောင်ကို ဝင်ရွေးချယ်ပိုင်ခွင့် သူတို့မှာ မရှိဘူး။"ဟု ပြန်လည်ချေပလိုက်သည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly