ဖေ့ဘုတ်လူမှုမီဒီယာ မိနစ် ၄၀ ကြာ ပြတ်တောက်ပြီးနောက် ရှယ်ယာစျေးများ ၄ ရာခိုင်နှုန်းကျဆင်း

ဖေ့ဘုတ်လူမှုမီဒီယာ မိနစ် ၄၀ ကြာ ပြတ်တောက်ပြီးနောက် ရှယ်ယာစျေးများ ၄ ရာခိုင်နှုန်းကျဆင်း

တစ်ပတ်အတွင်း ဒုတိယအကြိမ်အဖြစ် ဖေ့ဘုတ်လူမှုမီဒီယာသည် တနင်္လာနေ့က မိနစ် ၄၀ ကြာ ပြတ်တောက်သွားခဲ့သည်ကို လည်ပတ်နိုင်အောင် ပြန်လည်၍ စွမ်းဆောင်ခဲ့ရသည်။

ဖေ့ဘုတ်ပြတ်တောက်ချိန်နေတွင် "Sorry, something went wrong. We're working on it and we'll get it fixed as soon as we can." ဆိုသည့် မတ်ဆေ့ချ်စာတမ်းကိုသာတွေ့ခဲ့ရပြီး သုံးစွဲ၍ မရဖြစ်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ ပြတ်တောက်မှုဖြစ်ပြီးနောက် အချိန်ပိုင်းအတွင်းမှာပင် ကုမ္ပဏီရှယ်ယာများ ၄ ရာခိုင်နှုန်း အမေရိကန်ဒေါ်လာ ၈၉ ဒသမ ၂၅ (ပေါင် ၅၈ ဒသမ ၈၃) နီးပါးကျဆင်းသွားခဲ့သည်။ ပြီးခဲ့သည့် စက်တင်ဘာ ၂၄ ရက်ကလည်း ဖေ့ဘုတ်က ယင်းသို့ပင် ကြုံတွေ့ရသေးသည်။

ကမ္ဘာတစ်ဝန်းလုံးတွင် ဖေ့ဘုတ်သုံးစွဲသူပေါင်းမှာ ၁ ဒသမ ၅ ဘီလီယံနီးပါးရှိထားသည်။

Ref: BBC

 

မဇ္ဈိမရဲ့ SMS သတင်းတွေကို အခုပဲ ရယူလိုက်ကြရအောင်
Posted by Mizzima - News in Burmese on Sunday, September 6, 2015

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly