မြိတ်တွင် ကျွန်းခရီးစဉ် စပိဘုတ်စက်လှေ တစ်စီး နစ်မြှုပ် ခရီးသည် ၂ ဦး သေဆုံး

မြိတ်တွင် ကျွန်းခရီးစဉ် စပိဘုတ်စက်လှေ တစ်စီး နစ်မြှုပ် ခရီးသည် ၂ ဦး သေဆုံး

မြိတ် ဒီဇင်ဘာ ၂၃ ။              ။ မြိတ်ကျွန်းစုသို့ ပြေးဆွဲနေသော ကျွန်းခရီးစဉ် စပိဘုတ်စက်လှေတစ်စီးမှာ ယနေ့ ဒီဇင်ဘာ ၂၃ ရက်နေ့က နစ်မြုပ်ခဲ့ပြီး ခရီးသည် ၂ ဦး သေဆုံးခဲ့သည်ဟု ကနဦး သိရှိရသည်။

ထိုစက်လှေသည် ယနေ့ နံနက် ၁၁ နာခွဲအချိန်တွင် ကျွန်းစုမြို့နယ်၊ ရေမြစ်ကြီးကျေးရွာအုပ်စု ၊နေကြာအော် ကျေးရွာအရှေ့ရေပြင်၌ နစ်မြှုပ်ခဲ့ခြင်း ဖြစ်သည်။ နစ်မြုပ်ရခြင်း အကြောင်းကိစ္စကိုမူ အတည်ပြုနိုင်ခြင်း မရှိသေးပါ။

ခရီးသွားလုပ်ငန်းရှင်များအသင်းကုမ္မဏီနှင့် ဟိုတယ်ခရီးသို့ မေးမြန်းသော်လည်း အသေးစိတ်သိရှိခြင်း မရှိသေးဟု ဖြေကြားပါသည်။

နစ်မြုပ်ခဲ့သော စက်လှေမှာ မြိတ်အခြေစိုက်၊ ထူးထက်ရှိန်ခရီးသွား လုပ်ငန်းကုမ္ပဏီမှ ဖြစ်ကာ ပဲ့နင်း ဦးစိုးအောင်နှင့် ခရီးသည်ကျား (၁၀)ဦး၊ မ(၇)ဦး၊ လှေသား(၂)ဦး၊ စုစုပေါင်းလူဦးရေ (၁၉) ဦးတို့ လိုက်ပါခဲ့ကြခြင်းဟု ကနဦး စုံစမ်းသိရှိရသည်။

စုံစမ်းမေးမြန်းမှုများအရ ယင်း ခရီးသည်လှေ တိမ်းမှောက်မှု ဖြစ်စဉ်မှာ မောင်းနှင်ခုတ်မောင်းနေစဉ် ရေပြင်၌ မျောပါလာသော သစ်တုံးအား တိုက်မိကာ တိမ်းစောင်းလိမ့်မှောက်မှု ဖြစ်ပွားခဲ့ကြောင်း ခရီးသွား လုပ်ရှင်များမှ ကနဦး သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly