အင်ဒိုနီးရှား ဆူနာမီကြောင့် သေဆုံးသူဦးရေ ၁၇၀ နီးပါးအထိ မြင့်တက်လာ

အင်ဒိုနီးရှား ဆူနာမီကြောင့် သေဆုံးသူဦးရေ ၁၇၀ နီးပါးအထိ မြင့်တက်လာ

ဒီဇင်ဘာ ၂၃ ။           ။ အင်ဒိုနီးရှားနိုင်ငံမှာ ယမန်နေ့က မီးတောင်ပေါက်ကွဲပြီး  ဆူနာမီ ရေလှိုင်းကြီးတွေ ဝင်ရောက်ခဲ့ပြီးနောက် သေဆုံးသူ ဦးရေဟာ ၁၆၈ ဦးအထိ ရှိလာခဲ့ပြီ ဖြစ်ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

အဆိုပါ ဆူနာမီ လှိုင်းလုံးကြီးတွေဟာ ယမန်နေ့ ညပိုင်းက ဆွန်ဒါ ရေလက်ကြားအနီးက နာမည်ကျော် ကမ်းခြေတွေဆီ ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။

ယင်း ဖြစ်ရပ်ကြောင့် အဆိုပါ ဒေသမှာ နေထိုင်သူတွေ ရုတ်တရက် အငိုက်မိခဲ့ကြပြီး ဝရုန်းသုန်းကား အခြေအနေ ဖြစ်ပေါ်ကာ ပျက်စီးဆုံးရှုံံးမှုလည်း များပြားခဲ့ပါတယ်။

အစောပိုင်းက သေဆုံးသူ ဦးရေဟာ ၄၀ ကျော် ရှိတယ်လို့ ထုတ်ပြန်ထားခဲ့ပေမယ့် ယခု နာရီပိုင်းအကြာမှာပဲ ၁၇၀ နီးပါးအထိ မြင့်တက်လာခဲ့တာလည်း ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေဟာ အပျက်အစီးပုံတွေအောက်တွေမှာ အသက်ရှင်ကျန်ရစ်သူတွေ ရှိလိုရှိငြား ရှာဖွေနေကြလျက် ရှိပါတယ်။

လက်ရှိအချိန်ထိတော့ ၁၆၈ ဦး သေဆုံးပြီး ၇၄၅ ဦး ဒဏ်ရာရထားတယ်လို့ အာဏာပိုင်တွေက အတည်ပြုထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly