ကာ့ဒ်ပြည်သူ့စစ်တွေနဲ့ အိုင်အက်စ်တွေကို ရှင်းထုတ်ပစ်မယ်လို့ တူရကီသမ္မတ ကြုံးဝါး

ကာ့ဒ်ပြည်သူ့စစ်တွေနဲ့ အိုင်အက်စ်တွေကို ရှင်းထုတ်ပစ်မယ်လို့ တူရကီသမ္မတ ကြုံးဝါး
Photo: AFP

အစ္စတန်ဘူလ်၊ ဒီဇင်ဘာ ၂၂ ။       ။ တူရကီသမ္မတ ရီဆက်တေယစ်အာဒိုဂန်ဟာ ဆီးရီးယားက ကာ့ဒ်ပြည်သူ့စစ်တွေနဲ့ အိုင်အက်စ်တွေကို ရှင််းထုတ်ပစ်မယ်လို့ သောကြာနေ့မှာ ကြုံးဝါးပြောဆိုပါတယ်။

ဆီးရီးယားမှာရှိတဲ့ တပ်တွေကို အမေရိကန်က ရုပ်သိမ်းဖို့ ဆုံးဖြတ်ကြေညာပြီးနောက်မှာ အာဒိုဂန်က ကြုံးဝါးလာတာပဲ ဖြစ်ပါတယ်။

“လမယ့်လထဲမှာ ဆီးရီးယားက ကာ့ဒ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPG နဲ့ အိုင်အက်စ်အုပ်စုယူနစ်တွေကို ရှင်းထုတ်မယ့် စစ်ဆင်ရေးအသွင်ကို ကျွန်တော်တို့ တွေ့မြင်ကြရလိမ့်မယ်။”လို့ အာဒိုဂန်က ပြောပါတယ်။

ကာ့ဒ်တပ်ဖွဲ့တွေအနေနဲ့လည်း အမေရိကန်တပ်တွေ ဆီးရီးယားကနေ ရုပ်သိမ်းချိန်မှာ သူတို့ရဲ့ ထိန်းချုပ်ရာ နယ်မြေကို တူရကီ ဝင်တိုက်နိုင်တာကို စိုးရိမ်နေပါတယ်။

ဒီအတွက်ကြောင့် သူတို့ဦးဆောင်ပြီး တိုက်ခိုက်နေတဲ့ အိုင်အက်စ်တွေအပေါ် စစ်ဆင်ရေး ဆင်နွှဲနေတာကနေ တပ်နှုတ်ပြီး ရှေ့တန်းကပြန်လို့ နယ်စပ််က သူတို့နယ်မြေတွေဆီ ပြန်လာဖြစ်ဖို့ ရှိနေပါတယ်။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အမေရိကန် တပ်ဖွဲ့ဝင် ၂၀၀၀ ကျော်ထက်မနည်းကို ဆီးရီးယားကနေ ပြန်ခေါ်မယ်လို့ ဆုံးဖြတ်ကြောင်း တွစ်တာဗီဒီယိုပို့စ်ကနေ ကြေညာထားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly