မက္ကဆီကို နယ်ခြားတံတိုင်း ရန်ပုံငွေ မရှိရင် အစိုးရယန္တရားတန့်ရပ်မှု ရှည်ကြာနိုင်တယ်လို့ ထရမ့် သတိပေး

မက္ကဆီကို နယ်ခြားတံတိုင်း ရန်ပုံငွေ မရှိရင် အစိုးရယန္တရားတန့်ရပ်မှု ရှည်ကြာနိုင်တယ်လို့ ထရမ့် သတိပေး
Photo: AFP

၀ါရှင်တန်၊ ဒီဇင်ဘာ ၂၂ ။      ။ အမေရိကန်နဲ့ မက္ကဆီကို နယ်စပ်မှာ  တည်ဆောက်မယ့် နယ်ခြားတံတိုင်းအတွက် ရန်ပုံငွေ အတည်မဖြစ်ရင် ရှည်ကြာတဲ့ အစိုးရယန္တရားတန့်ရပ်မှု ဖြစ်ပေါ်လိမ့်မယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သောကြာနေ့မှာ သတိပေးလိုက်ပါတယ်။

အတုုိက််အခံ ဒီမိုကရက်တွေအနေနဲ့ နယ်စပ်လုံခြုံရေးကို ပိုမိုအားဖြည့်ရန်နဲ့ မက္ကဆီကိုနဲ့ နယ်ခြားတံတိုင်း တည်ဆောက်ရေး ရန်ပုံငွေကို အတည်ပြုဖို့ ငြင်းနေမယ်ဆိုရင် ခုလို ဖြစ်ပွားပေါ်ပေါက်လိမ့်မှာ ဖြစ်တယ်လို့ ထရမ့်က ခြိမ်းခြောက်ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

“ဒီမိုကရက်တွေက နယ်ခြားလုံခြုံရေးအတွက် အတည်မပြုရင် ဒီကနေ့မှာ အစိုးရယန္တရား တန့်ရပ်မယ်။”လို့ တွစ်တာပို့စ်တစ်ခုမှာ ထရမ့်က ရေးသားပါတယ်။

“ဆီးနိတ်မှာ ဒီမိုကရက်တွေရဲ့ အတည်ပြု မဲတွေကို ကျွန်တော်တို့ လိုအပ်နေတယ်။ ဒါပေမယ့် ဒီမိုကရက်တွေကတော့ တကယ့်ကို အသည်းအသန်လိုအပ်နေပြီ ဖြစ်တဲ့ နယ်ခြားလုံခြုံရေးနဲ့ တံတိုင်းတည်ဆောက်ရေးကို သိသိကြီးနဲ့ ဆန့်ကျင်လာလိမ့်မယ်။”လို့ ထရမ့်က ရေးသားပါတယ်။

“တကယ်လို့ ဒီမိုကရက်တွေဟာ ကန့်ကွက်မဲ ပေးခဲ့ရင် ရှည််ကြာတဲ့ အစိုးရယန္တရား တန့်ရပ်မှု ဖြစ်လာလိမ့်မယ်။ ပြည်သူတွေအနေနဲ့က နယ်စပ်စည်း ပေါက်တာ၊ ရာဇဝတ်မှုတွေ စီးဝင်မှာကို မလိုချင်ကြဘူး။”လို႔ ၎င်းက ရေးသားထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly