ရုရှားနိုင်ငံကို ကမ္ဘာ့ စီးပွားရေး အင်အားကြီးနိုင်ငံ (၅) နိုင်ငံထဲမှာ ပါဝင်စေဖို့ ပူတင် ဆန္ဒရှိနေ

ရုရှားနိုင်ငံကို ကမ္ဘာ့ စီးပွားရေး အင်အားကြီးနိုင်ငံ (၅) နိုင်ငံထဲမှာ ပါဝင်စေဖို့ ပူတင် ဆန္ဒရှိနေ

ရုရှားနိုင်ငံကို ကမ္ဘာ့ ထိပ်သီးစီးပွားရေးအင်အားကြီး နိုင်ငံ ငါးခုထဲမှာ ပါဝင်တာကို မြင်တွေ့ချင်တယ်ဆိုပြီး ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

" အဓိက ကျတဲ့ အချက်က ကျွန်တော်တို့ဟာ စီးပွားရေးပိုင်းအရ အတန်းအစားသစ်တစ်ခုထဲကို ရောက်ရှိအောင် လုပ်ဖို့ ဖြစ်ပါတယ်" ဆိုပြီး ပူတင်က သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောသွားပါတယ်။

" ကျွန်တော်တို့ နိုင်ငံအနေနဲ့ စီးပွားရေး အရွယ်အစားအရ ကမ္ဘာ့ နံပါတ် ငါး ဆိုတဲ့ နေရာကိုလည်း ကောင်းကောင်း ရယူနိုင်တယ်လို့ ထင်ပါတယ်၊ ဒါကို ကျွန်တော်တို့ လုပ်သွားကြရမှာဖြစ်ပါတယ်" လို့ ၎င်းက ပြောသွားပါတယ်။

နိုင်ငံတကာ ငွေကြေးရန်ပုံငွေ အဖွဲ့ရဲ့ သတ်မှတ်ချက်အရ ကမ္ဘာ့ အင်အားကြီး စီးပွားရေးနိုင်ငံတွေထဲမှာတော့ ၀ါစဉ် အရ ဆိုရင် ရုရှားတို့ဟာ အဆင့် ၁၂ နေရာမှာ ရှိနေပါတယ်။

ယင်းနိုင်ငံရဲ့ စီးပွားရေး ထုတ်လုပ်နိုင်မှု တန်ဖိုးပမာဏကတော့ ကန်ဒေါ်လာ ၁ ဒသမ ၅ ထရီလီယံ ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိ ကမ္ဘာ့ အင်အားကြီး စီးပွားရေး နိုင်ငံ ငါးနိုင်ငံအဖြစ် အမေရိကန်၊ တရုတ်၊ ဂျပန်၊ ဂျာမနီ နဲ့ ဗြိတိန်တို့ အစဉ်လိုက် ရပ်တည်နေလျက် ရှိပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly