ကြက်တိုက်လောင်းကစားပြုလုပ်သူ ၇ ဦးကို ဖမ်းဆီး

ကြက်တိုက်လောင်းကစားပြုလုပ်သူ ၇ ဦးကို ဖမ်းဆီး
ဓာတ်ပုံ-Mandalay Police

ရန်ကုန် ဒီဇင်ဘာ ၂ဝ ။         ။ ငပြင်းအင်းကျေးရွာအုပ်စု၊ လက်ဆယ်ဦးရွာမြောက်ဘက် ခူလည်အင်း ဘေးရှိကွင်းပြင်၌ ကြက်တိုက်လောင်း ကစားပြုလုပ်နေသူ  ၇ ဦးကို ဒီဇင်ဘာ ၁၉ရက်နေ့တွင် ဖမ်းဆီးခဲ့ကြောင်း မန္တလေးရဲတပ်ဖွဲ့မှ သိရသည်။

 

ဖြစ်စဉ်မှာ စဉ့်ကူးမြို့မရဲစခန်းမှ တပ်ဖွဲ့များသည်သတင်းအရ  သက်သေများနှင့်အတူ အဆိုပါနေရာ၌ ကြက်တိုက်လောင်း ကစားပြုလုပ်နေသည်ကိုတွေ့ရှိ၍ ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ဖမ်းဆီးရာတွင် မိုးဒီ (ခ)စိုးခိုင် ၃၈နှစ် အပါအဝင် လက်ဆယ်ဦး ကျေးရွာတွင် နေထိုင်သူ ၇ ဦးအား ကြက်တိုက် လောင်းကစားရာတွင်အသုံးပြုသည့် တိုက်ကြက်ဖ ၅ ကောင်နှင့်ဆက်စပ်ပစ္စည်းများ၊ တိုင်ကပ် နာရီ ၁ လုံး၊ ဆိုင်ကယ်မျိုးစုံ ၁၃ စီး၊ ဖိနပ် ၂ ရံ၊ လောင်းကြေးငွေ ၆၀၃၃၅၀ ကျပ်တို့နှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သည်။

 

ယင်းဖမ်းဆီးရမိခဲ့သူများကို စဉ့်ကူးမြို့မရဲစခန်း(ပ)၉၄/၂၀၁၈၊ လောင်းကစားပုဒ်မ ၁၂(က)အရအမှုဖွင့်ဖမ်းဆီး စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

    

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly