ဒီဇင်ဘာ ၂၀ ။ ။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ၊ ၁၉ ရက်က အမေရိကန်သမ္မတဟောင်း အိုဘားမားဟာ ဆန်တာကလော့စ်ဦးထုပ်ဆောင်းပြီး ၀ါရှင်တန်မှာရှိတဲ့ ကလေးဆေးရုံက လူနာတွေကို ခရစ္စမတ်လက်ဆောင်တွေ လိုက်ဝေပေးခဲ့တယ်လို့ သိရပါတယ်။
ဆန်တာကလော့စ်ဦးထုပ်ဆောင်းထားတဲ့ အမေရိကန်သမ္မတဟောင်း ဘားရက်အိုဘားမားဟာ အဆိုပါကလေးဆေးရုံမှာ တက်ရောက်ကုသနေတဲ့ ကလေးတွေ၊ မိသားစုဝင်တွေအတွက် ခရစ္စမတ်လက်ဆောင်တွေ လိုက်ဝေပေးခဲ့တာဖြစ်ပြီး အချိန် တစ်နာရီခွဲကျော်ကျော် ကြာမြင့်ကြောင်း သိရှိရပါတယ်။
ဒါအပြင် အိုဘားမားဟာ အခြားကစားကွင်းတွေကိုပါ သွားရောက်ပြီး ခရစ္စမတ်လက်ဆောင်တွေ ဝေပေးခဲ့တယ်လို့ သိရပြီး ၎င်းဟာ ကလေးတွေနဲ့ မိသားစုဝင်တွေကို သွားရောက်တွေ့ဆုံရတဲ့အတွက် ဝမ်းမြောက်နေကြောင်း သိရှိရပါတယ်။
ဘားရက်အိုဘားမားဟာ ၂၀၀၉ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အထိ အမေရိကန်သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ အမေရိကန်သမ္မတဟောင်းတစ်ဦးဖြစ်ပါတယ်။