ဆီးရီးယားမှာ အိုင်အက်စ်တွေအပေါ် စစ်ပွဲအနိုင်ရပြီလို့ ကြေညာရင်း အမေရိကန်တပ်တွေကို ပြန်ခေါ်ဖို့ ထရမ့် အမိန့်ထုတ်

ဆီးရီးယားမှာ အိုင်အက်စ်တွေအပေါ် စစ်ပွဲအနိုင်ရပြီလို့ ကြေညာရင်း အမေရိကန်တပ်တွေကို ပြန်ခေါ်ဖို့ ထရမ့် အမိန့်ထုတ်
Photo: AFP

၀ါရှင််တန်ဒီစီ၊ ဒီဇင်ဘာ ၂၀ ။     ။ ဆီးရီးယားက အိုင်အက်စ်တွေကို ချိုးနှိမ်လိုက်နိုင်ပြီဖြစ်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ဗုဒ္ဓဟူးနေ့မှာ ကြေညာပါတယ်။

စစ်တလင်းဖြစ်နေတဲ့ ဆီးရီးယားကနေ အမေရိကန်တပ်တွေကို ပြန်လည်ခေါ်ယူတဲ့ လုံးဝမျှော်လင့်မထားတဲ့ အမိန့်ညွှန်ကြားချက်ကိုလည်း ထုတ်ပြန်ထားတယ်လို့ သမ္မတ ထရမ့်က အတည်ပြု ပြောပါတယ်။

ဆီးရီးယားကနေ အမေရိကန်တပ်တွေ ရုပ်သိမ်းတယ်ဆိုတာဟာ အလွန်အရေးပါတဲ့ ဆုံးဖြတ်ချက်လည်း ဖြစ်ပါတယ်။ ဆီးရီးယားနဲ့ ဒေသတွင်းရေးရာမှာ အမေရိကန်ရဲ့ ပေါ်လစီကို ဆန့်ကျင်မှုတွေ ရေရှည်ရှိနေခဲ့တာပဲ ဖြစ်ပါတယ်။

“ကျွန်တော်တို့ အိုင်အက်စ်တွေကို နိုင်လိုက််ပြီ။”လို့ တွစ်တာဗီဒီယို တစ်ရပ်မှာ ထရမ့်က ပြောပါတယ်။

“အိုင်အက်စ်တွေကို ချိုးနှိမ်လိုက်နိုင်ပြီ။ ကျွန်တော်တို့ဟာ အိုင်အက်စ်ကို ဦးချိုးလိုက်နိုင်ပြီ။ အခုအချိန်ကတော့ ကျွန်တော်တို့ စစ်သားတွေအတွက် အိမ်ပြန်ချိန်ပါပဲ။”လို့ ထရမ့်က ပြောဆိုပါတယ်။

အမေရိကန်ရဲ့ ဆီးရီးယားကနေ တပ်တွေရုပ်သိမ်းမယ်ဆိုတာဟာ ပထဝီနိုင်ငံရေးမှာ ပြင်းပြင်းထန်ထန် ဂယက်ရိုက်ခတ်လာနိုင်ခြေ ရှိနေပါတယ်။ ဆီးရီးယား တစ်နံ့တစ်လျားမှာ အင်အားထောင်ပေါင်းများစွာ ကျန်ရှိနေဆဲဖြစ်တဲ့ အိုင်အက်စ်တွေကို တိုက်ခိုက်နေတဲ့ အမေရိကန် နောက်ခံပြု ကာ့ဒ်တိုက်ခိုက််ရေးသမားတွေရဲ့ အနာဂတ်အတွက်လည်း မရေမရာ အခြေအနေဆီ ရောက်ရှိသွားလိမ့်မှာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly