"တော်တော်လေး အခက်အခဲထဲမှာ မြေဈေးကတစ်ခုပါတယ်။ နောက်တစ်ခုကလည်း ဒီမြန်မာပြည်မှာ process တွေကို ခက်ခဲတယ်လို့ထင်ပါတယ်။ ကျွန်တော်တို့ကိုယ်တိုင် တွေ့ကြုံဖူးတာက ဟိုတယ်အတွက် project တစ်ခု လုပ်တဲ့နေရာမှာ မြေကို အခြားနည်းသုံးခွင့်ပြုဖို့ဆိုပြီး လျှောက်တယ်။ အားလုံးပေါင်း ဒီ process တစ်ခုလုံးက နှစ်နှစ်လောက်ကြာသွားတယ်။ နှစ်နှစ်လောက်ကြတဲ့ အချိန်မှာ investor တစ်ယောက်ကကြည့်မယ် ဒါက ဘယ်မှာဆောက်မှာလဲ မြန်မာပြည်မှာဆောက် မှာ။ ဒါမှမဟုတ် ယိုးဒယားစောက်မှာလား ။ဒီမှာက နှစ်နှစ် လောက်ကြာတယ်ဆိုတော့ တော်တော်များများက လန့်သွားတယ်။ နောက်ဒီ effect က အဲဒီနေရာမှာ မရပ်သွားဘူး။ ဒီနှစ်နှစ်ကြာတဲ့နေရာမှာ ရပ်သွားတာမဟုတ်ဘူး။ တခြား investor ကို ကျွန်တော်လျှောက် တဲ့နေရာ မှာ နှစ်နှစ်လောက်ကြာတာပြောတော့ နောက် investor ကမဝင်ရဲဘူး။" လို့ စီးပွားရေးပညာရှင်ဖြစ်သူ Thuraswiss ကုမ္ပဏီမှ အမှုဆောင်အရာရှိ ဒေါက်တာအောင်သူရက Mizzima Dialogue TV Show ရွေးကောက်ပွဲဆိုင်ရာဆွေးနွေးပွဲ ရုပ့်မြင်သံကြားအစီအစဉ် မှာဆွေးနွေးသွားပါတယ်။
စီးပွားရေးပညာရှင် ဒေါက်တာ အောင်သူရ၏ ဆွေးနွေးမှု
29 September 2015
စီးပွားရေးပညာရှင် ဒေါက်တာ အောင်သူရ၏ ဆွေးနွေးမှု