ဖွံ့ဖြိုးမှုနဲ့ နိုင်ငံရေး အပြောင်းအလဲတွေကြောင့် ခြိမ်းခြောက်ခံနေရတဲ့ ဆလုံလူမျိုးများ

ဖွံ့ဖြိုးမှုနဲ့ နိုင်ငံရေး အပြောင်းအလဲတွေကြောင့် ခြိမ်းခြောက်ခံနေရတဲ့ ဆလုံလူမျိုးများ

မြိတ်၊ ဒီဇင်ဘာ ၁၉ ။              ။ မြန်မာနိုင်ငံ တောင်ပိုင်း မြိတ်ကျွန်းစုက စိမ်းပြာပြာရေပြင်မှာ လှေတွေကို တွဲချည်ထားတဲ့ ရေယာဉ်စုဟာ ရွှက်လွင့်လို့နေပါတယ်။

နိုင်ငံမှာ နောက်ဆုံးကျန်ရစ်တဲ့ ရေကြည်ရာ မြက်နုရာ သွားလာတဲ့ တိုင်းရင်းသား ဆလုံတွေရဲ့ ရေယာဉ်စုပဲ ဖြစ်ပါတယ်။

ဆလုံလူမျိုးတွေအတွက်က စီးပွားရေးနဲ့ နိုင်ငံရေး ဖွံ့ဖြိိုးမှု အပြောင်းအလဲခေတ်မှာ သူတို့ရဲ့ ဘိုးစဉ်ဘောင်ဆက် ဓလေ့ထုံးစံတွေဟာ ပျောက်ကွယ်လုမတတ် အန္တရာယ် ခြိမ်းခြောက်တာ ခံနေရတဲ့ တိုင်းရင်းလူမျိုးစုပဲ ဖြစ်ပါတယ်။

အခု သစ်သားလှေ ခြောက်စီးတွဲ ရေယာဉ်စုဟာ ဆလုံ ဆယ်ဦးမှ ၁၂ ဦးပါ မိသားစုတစ်စုရဲ့ နေထိုင်ရာ အိမ်ရာပါပဲ။ လှေရဲ့ ကုန်းပတ်မှာ ခင်းထားတဲ့ ဖျာဟာ သူတို့အတွက် အိပ်ရာပါ။ ရေယာဉ်စုမှာ အဖြစ်ထားရှိတဲ့ မီးဖိုချောင်လည်း ပါရှိပါတယ်။

ဆလုံတိုင်းရင်းသားတွေအတွက် အဓိက ပင်မဝမ်းရေးဖြစ်တဲ့ ငါးဖမ်းလုပ်ငန်းသုံး ပစ္စည်းပစ္စယတွေလည်း ဒီလှေေတွေပေါ်မှာ ရှိနေပြီး ရေပေါ်နေ တိုင်းရင်းသားတွေအဖြစ် ကျင်လည်နေတာပဲ ဖြစ်ပါတယ်။

ဒီရေယာဉ်စုဟာ သူတို့ရဲ့ သီးခြားကမ္ဘာပဲ ဖြစ်ပြီး ပြင်ပကမ္ဘာနဲ့ ထိတွေ့ဆက်ဆံတာဆိုလို့ ငါးနဲ့ ခရုတွေကို ခေါက်ဆွဲထုပ်တွေ၊ ဆန်နဲ့ ဆပ်ပြာစတဲ့ လူသုံးကုန်တွေနဲ့ လဲလှယ်တဲ့အချိန်မှာ သူတို့ရဲ့ ရေယာဉ်စု အိမ်ဆီကို ရှားရှားပါးပါး လူတွေ အလာခံတဲ့ အချိန်မှာပဲ ထိတွေ့ဆက်ဆံမှု ရှိတာ ဖြစ်ပါတယ်။

“ဆလုံတွေဟာ အခြားသူတွေနဲ့ အပြန်အလှန် ဆက်ဆံခေါ်ပြောရမှာကို ရှက်တတ်တဲ့ သူတွေပါပဲ။”လို့ မြိတ်ကျွန်းစု စူးစမ်းလေ့လာရေးခရီးကို ဦးဆောင်တဲ့ မြန်မာဧည့်လမ်းညွှန်တစ်ဦးက အီးပီအေသတင်းကို ပြောပါတယ်။

ပင်လယ်ပျော်တွေလို့ သိရပြီး ပင်လယ်ကို အိမ်ပြုနေထိုင်တဲ့ ဆလုံလူမျိုးစုတွေဟာ မြိတ်ကျွန်းစုရေပြင်မှာ ကျင်လည်လှည့်လည်နေထိုင်ပြီး မုတ်သုံရာသီကာလအတွင်းမှာပဲ ရှားရှားပါးပါး ကုန်းပေါ်တက် နေထိုင်တဲ့ တိုင်းရင်းမျိုးနွယ်စုပဲ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly