ဂျပန်က စားသောက်ဆိုင်တစ်ဆိုင်မှာ ဆိုးဆိုးဝါးဝါး မီးလောင်မှုကြောင့် လူ ၄၂ ဦး ဒဏ်ရာရ

ဂျပန်က စားသောက်ဆိုင်တစ်ဆိုင်မှာ ဆိုးဆိုးဝါးဝါး မီးလောင်မှုကြောင့် လူ ၄၂ ဦး ဒဏ်ရာရ
Photo: AFP

တိုကျို၊ ဒီဇင်ဘာ ၁၇ ။      ။ ဂျပန်နိုင်ငံမြောက်ပိုင်းက စားသောက်ဆိုင်တစ်ဆိုင်မှာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့နှောင်းပိုင်းက ဆိုးဆိုးဝါးဝါး ပေါက်ကွဲ မီးလောင်မှုဖြစ်ပြီး လူပေါင်း ၄၂ ဦး ထိခိုက်ဒဏ်ရာရပါတယ်။

မီးစလောင်ချိန်ကစပြီး နာရီအတော်ကြာ ထိန်းချုပ်နိုင်အောင် ကြိုးစားခဲ့ရပြီး  အနီးက အဆောက်အအုံတွေလည်း ပြိုလဲကြောင်း တာဝန်ရှိသူတွေက ဆိုပါတယ်။

မြောက်ပိုင်းမြို့ ဆက်ပိုရိုမှာ ခုလို ပေါက်ကွဲ မီးလောင်တာဖြစ်ပြီး ညကောင်းကင်မှာ မီးညွှန့်မီးတောက်ကြီးတွေ ထိုးတက်နေကာ မီးခိုးလုံးတွေလည်း လွင့်တက်နေတာကို မြင်တွေ့ရပါတယ်။

ခုလို ပေါက်ကွဲမီးလောင်တာကို  စုံစမ်းနေဆဲ ဖြစ်ပါတယ်လို့ ရဲက ပြောပါတယ်။ ပေါက်ကွဲမှုဖြစ်အပြီးမှာ ဂတ်စ်ဓာတ်ငွေ့နံတွေရတယ်လို့ မျက်မြင်တစ်ဦးက ဆိုပါတယ်။

ဒဏ်ရာရသူ ၄၂ ဦး ရှိပြီး သေဆုံးသူ မရှိကြောင်း ဟိုကိုင်းဒိုးဒေသဆိုင်ရာ ရဲတာဝန်ရှိသူတစ်ဦးက အေအက်ဖ်ပီကို ပြောပါတယ်။

မိုးခြိမ်းလိုက်သလို ပေါက်ကွဲသံကြီးကြားပြီး ကျွန်တော့် ကွန်ဒိုတိုက်ခန်း လှုပ်သွားတာကို ခံစားလိုက်ရတယ်။”လို့ မီးလောင်မှုဖြစ်ပွားရာ အနီးမှာ နေထိုင်သူတစ်ဦးက ပြောခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly