အိန္ဒိယက ပထဆုံးအာကာသဓာတ်ခွဲခန်း လွှင့်တင်

အိန္ဒိယက ပထဆုံးအာကာသဓာတ်ခွဲခန်း လွှင့်တင်

နယူးဒေလီ၊ စက်တင်ဘာ-၂၈ ။         ။ အိန္ဒိယနိုင်ငံက ၎င်း၏ ပထမဆုံး အာကာသဓာတ်ခွဲခန်း Astrosat ကို တောင်ပိုင်း အန်ဒရာပရာဒက်ရှ်ပြည်နယ်မှ လွှတ်တင်ခဲ့သည်။

လှိုင်းအလျားစုံ ဤဓာတ်ခွဲခန်းမှာ ၅နှစ်သက်တမ်းရှိမည်ဖြစ်ပြီး ကမ္ဘာမြေပြင်ထက် ၆၅၀ကီလိုမီတာ (၄၀၄မိုင်)အမြင့်မှနေ၍ အာကာသရုပ်ဝတ္ထုများကို သုတေသနပြု လေ့လာနေမည်ဖြစ်သည်။

အိန္ဒိယ အာကာသသုတေသနအဖွဲ့ (Indian Space Research Organisation-Isro)၏ ပြောကြားချက်အရ Astrosat မှာ အိပ်စ်ရေးဂြိုဟ်တု ၄စင်း၊ ယူဗွီ အဝေးကြည့်မှန်ပြောင်းတစ်ခုနှင့် လျှပ်စစ်ဓာတ်ဆောင်အမှုန်စောင့်ကြည့်ကိရိယာ (charge particle monitor)တစ်ခုတို့ကို သယ်ဆောင်သွားသည်ဟု ဆိုသည်။

Astrosat မှာ ၂၀၁၄ခုနှစ်က အင်္ဂါဂြိုဟ်ပတ်မစ်ရှင်နောက်ပိုင်းတွင် အိန္ဒိယ၏ အကြီးမားဆုံး အာကာသစီမံကိန်းတစ်ခု ဖြစ်သည်။

Astrosat အောင်မြင်စွာ လွှင့်တင်မှုနှင့်အတူ ကွန်ပျူတာဖန်သားပြင်ကို စူးစိုက်နေကြသည့် သိပ္ပံပညာရှင်များထံမှ လက်ခုပ်သံများ ညံသွားခဲ့သည်ဟု IANS သတင်းအေဂျင်စီက ပြောကြားခဲ့သည်။

Isro၏ ပြောကြားချက်အရ Astrosatကို လွှင့်တင်ရသည့် သိပ္ပံရည်မှန်းချက်များထဲတွင် နျူထရွန်ကြယ်များနှင့် စကြဝဠာတွင်းနက်များပါဝင်သည့် ဘိုင်နရီကြယ်စနစ်အတွင်းရှိ စွမ်းအင်မြင့်ဖြစ်စဉ်များကို နားလည်ရန်နှင့် ကောင်းကင်ထဲရှိ တဒင်္ဂတောက်ပ အိပ်စ်ရေးအရင်းမြစ်များကို ထောက်လှမ်းရန်တို့ ပါဝင်သည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly