အိန္ဒိယသံရုံးကို နေပြည်တော်သို့ပြောင်းရွှေ့ရန် စီစဉ်နေ

14 December 2018
အိန္ဒိယသံရုံးကို နေပြည်တော်သို့ပြောင်းရွှေ့ရန် စီစဉ်နေ
Photo-Yangon Heritage Trust

ဒီဇင်ဘာ ၁၃ ။             ။ အိန္ဒိယနိုင်ငံသံရုံးကို ရန်ကုန်မြို့မှ နေပြည်တော်သို့ ပြောင်းရွှေ့ဖွင့်လှစ်ရန် စီစဉ်နေကြောင်း သိသည်။

အိန္ဒိယသမ္မတနိုင်ငံသမ္မတ ရှရီရမ်နက်သ်ကိုဗင့်ဒ် ဒီဇင်ဘာလ ၁၀ ရက်နေ့မှ ၁၄ ရက်နေ့အထိ မြန်မာနိုင်ငံသို့ လာရောက်သည့် ချစ်ကြည်ရေးခရီးစဉ်အတွင်း ထုတ်ပြန်သည့် မြန်မာ-အိန္ဒိယ ပူးတွဲကြေညာချက်အရ သိရခြင်း ဖြစ်သည်။

လက်ရှိအချိန်တွင် အိန္ဒိယဘက်မှ ကြိုတင်ပြင်ဆင်မှုအနေဖြင့် မြန်မာဘက်မှ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် လုပ်ထုံးလုပ်နည်းများ၊ မြေငှားရမ်းရေး ကိစ္စရပ်များအပေါ် ဆွေးနွေးသဘောတူညီမှု ရရှိပြီးချိန်တွင် ယာယီ ဆက်ဆံရေးရုံး တစ်ရုံးကို နေပြည်တော်၌ ဖွင့်လှစ်သွားရန် ရည်ရွယ်ကြောင်း အိန္ဒိယဘက်မှ ပြောခဲ့သည်။

နှစ်နိုင်ငံအကြား ရှိရင်းစွဲ အိမ်နီးချင်းကောင်း ပီသမှုနှင့် ကဏ္ဍစုံဆက်ဆံရေး တိုးတက်ကောင်းမွန်ရေးတို့ကို ပိုမိုအရှိန်အဟုန် မြှင့်တင်သွားရန် ဆုံးဖြတ်ချက်အနေဖြင့် ထိုသို့ပြောင်းရွှေ့ဖွင့်လှစ်ရန် ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်ဟု သိရသည်။

နေပြည်တော်တွင် နိုင်ငံခြားသံရုံးအများအပြား ဖွင့်လှစ်ထားခဲ့ကြသော်လည်း အိန္ဒိယသံရုံးမှာမူ ရန်ကုန်မြို့၊ ကုန်သည်လမ်းပေါ်တွင် ဆက်လက် ဖွင့်လှစ်ထားရှိထားခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly