အင်န်စီအေလုပ်ငန်းစဉ် အပြီးသတ် ဆွေးနွေးဆုံုးဖြတ်ရန် တုုိင်းရင်းသား လက်နက်ကုုိင်များ၏ ထိပ်သီး အစည်းအဝေး ကျင်းပ

အင်န်စီအေလုပ်ငန်းစဉ် အပြီးသတ် ဆွေးနွေးဆုံုးဖြတ်ရန် တုုိင်းရင်းသား လက်နက်ကုုိင်များ၏ ထိပ်သီး အစည်းအဝေး ကျင်းပ

မဇ္ဈိမ၊ စက်တင်ဘာလ ၂၈ ။        ။ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်မူကြမ်း(NCA) အပြီးသတ် ဆွေးနွေး ဆုံးဖြတ်ရန် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ ထိပ်သီး အစည်းအဝေးကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ The Park ဟိုတယ်တွင် ကျင်းပနေပြီ ဖြစ်သည်။

တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းပေါင်း ၁၈ ဖွဲ့မှ ကိုယ်စားလှယ်များ စုစုပေါင်း ၁၀၀ ကျော် တက်ရောက်လျက်ရှိသည်။ အစည်းအဝေး ပထမနေ့တွင် သဘာပတိအဖြစ် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)မှ ဒုဥက္ကဋ္ဌ ဗိုလ်ချုပ် အင်ဘန်လ၊ PNLO မှ ဦးခွန်မြင့်ထွန်းနှင့် ALP မှ ခိုင်စိုးနိုင်အောင်တို့က ဆောင်ရွက်သည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၉ ရက်က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ခေါင်းဆောင်များက သမ္မတနှင့် တွေ့ဆုံညှိနှိုင်းခဲ့သော ရလဒ်များကို စက်တင်ဘာလ ၂၈ ရက် အစည်းအဝေး ပထမနေ့တွင် အစီရင်ခံ မည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် NCA နှင့် ပတ်သက်သည့် လုပ်ငန်းစဉ်များဆွေးနွေးညှိနှိုင်းမည်ဖြစ်ပြီး လက်ရှိ တိုင်းရင်းသား နယ်မြေ အသီးသီးအတွင်း စစ်ရေး၊ နိုင်ငံရေး ဖြစ်ပေါ်မှုများကို အကျေအလည်ဆွေးနွေး မည်ဖြစ်ကြောင်း ယနေ့ အစည်းအဝေး ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တိုင်းရင်းသား လက်နက်ကိုင် တစ်ဖွဲ့ချင်း၏ သဘောထားများ ရယူ၍ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး အကောင်အထည် ဖော်နိုင်ရန်နှင့် စစ်မှန်သည့် ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မည့် ဆုံးဖြတ်ချက် များချမှတ် သွားနိုင်ရန် ဆွေးနွေးညှိနှိုင်းကြမည် ဖြစ်ကြောင်း ဖော်ပြထားသည်။  
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required